ရှမ်းပြည်မြောက်ပိုင်း မြို့နယ် လေးခုထဲ တိုက်ပွဲ တွေ ဖြစ်

_ta_ang_national_liberation_army_ ဓာတ်ပုံ မူပိုင် AP
Image caption ဖေဖေါ်ဝါရီ တတိယ ပတ် လောက်က စပြီး တအောင်း ပလောင် ဒေသ ထဲကို အစိုးရ စစ်ကား ပေါင်း ၅၀၀ ကျော် ဝင်လာ ခဲ့။

ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန်၊ နမ္မတူ၊ ကျောက်မဲ နဲ့ ကွတ်ခိုင် မြို့နယ် တွေ ထဲမှာ ပြီးခဲ့တဲ့ သောကြာ နေ့က တအောင်းပလောင် လက်နက်ကိုင် တပ် TNLA နဲ့ အစိုးရ စစ်တပ် ကြား တိုက်ပွဲ တွေ ဖြစ်ပွားခဲ့တယ် လို့ TNLA ဘက်က ပြောပါတယ်။

နမ္မတူ မြို့နယ် ဟိုက်တောင် ကျေးရွာ အနီး တိုက်ပွဲ မှာ အစိုးရ ဘက်ကတော့ ထိခိုက် မှု ရှိ တယ် လို့ TNLA ဘက်က ပြောပေမယ့် သီးခြား အတည်ပြုချက် တော့ မရရှိ ပါဘူး။

ဖေဖေါ်ဝါရီ တတိယ ပတ် လောက်က စပြီး တအောင်း ပလောင် ဒေသ ထဲကို အစိုးရ စစ်ကား ပေါင်း ၅၀၀ ကျော် ဝင်လာ ခဲ့တယ် လို့ TNLA ပြောခွင့်ရ ဗိုလ်မှုး မိုင်အိုက်ကျော် က ဘီဘီစီ ကို ပြောပါတယ်။

အခုလဆန်း ကစပြီး နေ့စဉ် ထိတွေ့ပစ်ခတ် မှု တွေ ရှိနေတယ် လို့လည်း သူက ဆိုပါတယ်။

TNLA ကို ကချင် လက်နက်ကိုင် KIA က ကျောထောက် နောက်ခံ ပြုထားတယ် ဆိုတဲ့ စွပ်စွဲ မှု တွေ ကို ဗိုလ်မှုး မိုင်အိုက်ကျော် က ငြင်းပယ် ခဲ့ပြီး၊ နမ်ခမ်း နဲ့ ကွတ်ခိုင် နယ် တွေ လို TNLA အပါအဝင် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP နဲ့ ကချင် KIA တပ် တွေ ပါ လှုပ်ရှား ကြတဲ့ ဒေသတွေ ကို တော့ တပ်ပေါင်းစု နယ်မြေ အဖြစ် သတ် မှတ် ထား တယ် လို့ ဗိုလ်မှုး မိုင်အိုက်ကျော် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ