NLD ရဲ့ ထိပ်သီး ခေါင်းဆောင်တွေ တွေ့ဆုံ

  • 6 မတ် 2016
_nld_cec_meeting
Image caption မျှော်လင့် ထားသလို ပြည်နယ် နဲ့ တိုင်းဝန်ကြီးချုပ် နေရာ တွေနဲ့ အစိုးရ အဖွဲ့ ၀င် နေရာတွေ အတွက် လျာထား နာမည် တွေ ကိုတော့ NLD ပါတီ ဘက်က ထုတ်ပြန် လာတာ မရှိပါဘူး။

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ် NLD ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည် အပါအဝင် ဗဟို အလုပ်အမှု ဆောင် ၁၆ ဦး စုံညီ အစည်း အဝေး တစ်ရပ်ကို တနင်္ဂနွေ နေ့က ကျင်းပ ခဲ့ ပေမယ့် မျှော်လင့် ထားသလို ပြည်နယ် နဲ့ တိုင်းဝန်ကြီးချုပ် နေရာ တွေနဲ့ အစိုးရ အဖွဲ့ ၀င် နေရာတွေ အတွက် လျာထား နာမည် တွေ ကိုတော့ NLD ပါတီ ဘက်က ထုတ်ပြန် လာတာ မရှိပါဘူး။

အစိုးရသစ် ဖွဲ့ပြီး လုပ်ဆောင်ရမယ့် ကိစ္စတွေကို ဗဟို အလုပ်အမှု ဆောင်တွေ ဆုံညီ ဆွေးနွေး ခဲ့ကြတယ်လို့ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက သတင်းထောက် တွေကို ပြောပါတယ်။

အာဏာ လွှဲပြောင်း ရေး ကို ပြည်သူ လွှတ်တော် မှာ လုပ်မယ် ဆိုပြီး တော့လည်း ဦးဉာဏ်ဝင်း က ပြောပေမယ့် ဘာကို ဆိုလို သလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရ ပါဘူး။

ဗဟို အလုပ်အမှု ဆောင် အားလုံး မပါဝင်ပဲ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန် ၊ ဒေါက်တာမျိုးအောင် နဲ့ ဒေါက်တာဇော်မြင့်မောင်တို့ ၄ ဦး ပဲ တစ်နာရီ ဝန်းကျင် သီးခြား ဆွေးနွေး ခဲ့ကြသေးတယ် လို့ ဘီဘီစီ ရဲ့ နေပြည်တော် သတင်းထောက် က ဆိုပါတယ်။

ရပ်နားထားတဲ့ လွှတ်တော် အစည်းအဝေးကို မတ်လ ၇ ရက် တနင်္လာနေ့မှာ ပြန်လည် စဖို့ ရှိပေမယ့် NLD ဘက်က သမ္မတ နေရာ အတွက် ဘယ်သူတွေ ကို လျာထားမလဲ ဆိုတာ ကို တော့ လွှတ်တော် တွင်း အဆိုပြုဖို့ သတ်မှတ် ထားတဲ့ ၁၀ ရက် နေ့ကျမှပဲ သိရ နိုင်တယ် လို့လည်း ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ