စစ်သုံးလက်နက် အမြောက် အမြား မဲဆောက်မှာ ဖမ်းမိ

  • 7 မတ် 2016
Arms Cache in Maesot
Image caption မဲဆောက်မြို့မှာ ဖမ်းမိတဲ့ စစ်သုံးလက်နက်များ

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မတ်လ ၅ ရက် ပြီးခဲ့တဲ့ စနေနေ့က စစ်သုံးလက်နက် အမြောက် အမြား သိမ်းဆည်း ရမိခဲ့ ပါတယ်။

မဲဆောက်မြို့အဝင် ဟွေ့ဟင်းဖွန် စစ်ဆေးရေး ဂိတ်မှာ အစစ်ဆေး မခံဘဲ မောင်းပြေးသွားတဲ့ ထိုင်းနိုင်ငံ အတွင်းပိုင်းက လာတဲ့ ကားကို နောက်ပိုင်းမှာ တွေ့ရှိခဲ့ရာမှာ စစ်သုံး လက်နက်နဲ့ ခဲယမ်း တွေကို ဖမ်းဆီးရမိ တာလို့ မဲဆောက်မြို့ပိုင်ရုံး လုံခြုံရေး အရာရှိ က ပြောပါတယ်။

မောင်းပြေးသွားတဲ့ အဲဒီကားကို မဲဆောက်မြို့နယ် ခမ်းဖိဗန် ရွာက ရဲအရာခံဗိုလ်ဟောင်း နိုင်ဆေ့ဆန် ကွန့်ကဲယောက်ရဲ့ အိမ်၀င်းထဲမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တာခ်ခရိုင် ရဲအရာခံဗိုလ်ဟောင်း ဖြစ်သူ နိုင်ဆေ့ဆန် ကွန့်ကဲယောက်ဟာ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကျခဲ့ဖူးသူ ဖြစ်ပြီး မကြာခင်ကမှ ထောင်ကလွတ်လာသူဖြစ်ပါတယ်။

အခု သူ့ကိုမဲဆောက်ခရိုင်တရားရုံးက တရားခံပြေးအဖြစ် ဖမ်းဝရမ်းထုတ်ထား ပါတယ်။

အခု ဖမ်းမိတဲ့ လက်နက်တွေ ထဲမှာ M 16 မောင်းပြန် ရိုင်ဖယ် ၁၀ လက်နဲ့ ကျည်တောင့် ၃ ထောင်၊ AK သေနတ် ၁ လက် ၊ M ၇၉ ကျည် ၁၁ လုံး ၊ M 16 ကျည် ၁၁ ဘူး ၊ AK ကျည် ၁ ဘူး ၊ စက်သေနတ်ကျည် တတွဲ၊ ပွိုင့် 7.62 ကျည်၊ ပွိုင့် 6.56 ကျည်တွေပါတာကြောင့် စာရင်းနဲ့ မှာယူတဲ့ လက်နက် တွေလို့ ယူဆနေကြပါတယ်။

ထိုင်း မြန်မာနယ်စပ်မှာ စစ်သုံးလက်နက်တွေကို မကြာခဏ ဖမ်းဆီးရမိတာ ဖြစ်ပြီး လက်နက်မှောင်ခိုဂိုဏ်းတွေက မြန်မာနိုင်ငံအတွင်း စစ်ဖြစ်နေတဲ့ ဒေသတွေဆီကို တင်ပို့နေတာ ဖြစ်နိုင်တယ်လို့ ထိုင်းနယ်စပ်ဖြတ် ကျော်မှုခင်း အရာရှိတွေက ယူဆ နေကြပါတယ်။

ဒီစစ်သုံးလက်နက် တွေဟာ အာရှနိုင်ငံ တစ်ခုရဲ့ မှောင်ခိုစျေးကွက် ကနေ ဝင်လာတာ ဖြစ်နိုင်ပြီး လက်နက်မှောင်ခိုဂိုဏ်းနဲ့ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတွေ အပြန်အလှန်ဆက်စပ် နေနိုင်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက သုံးသပ်နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ