ကချင် ကျောက်စိမ်း တူးမှု ဒေသခံ ပါဖို့ လိုလား

  • 7 မတ် 2016
jade
Image caption လူအသေအပျောက် များတဲ့ ဖားကန့် ကျောက်စိမ်း တွင်း

ကချင် ကျောက်စိမ်း နဲ့ သဘာဝ သယံဇာတ အရင်းအမြစ် စီမံ ခန့်ခွဲမှု မှာ ဒေသခံတွေ ပါဝင်ခွင့် နဲ့ ပတ်ဝန်းကျင် မထိခိုက်အောင် တနိုင်တပိုင် လုပ်ပိုင်ခွင့် ပေးဖို့ ကချင် လူမှု အဖွဲ့စည်း ၆ဝ က မြစ်ကြီးနား မှာ အစည်းအဝေး လုပ်ပြီး တောင်းဆို လိုက်ပါတယ်။

အင်္ဂါနေ့ က စပြီး လူထုကြား ပညာပေးပွဲ လုပ်ပြီး သဘောထား တွေကို ကောက်ခံ သွားမှာ ဖြစ်ပါတယ်။

ဖါးကန့် ဒေသ ကျောက်စိမ်း တူးဖော်မှု မှာ ဒေသခံတွေ အကျိုးမရှိဘဲ ဆိုးကျိုးဒဏ် ကိုပဲ ခံနေရတယ်။ ဒါကြောင့် လက်ရှိ စီမံကိန်း တွေကို ရပ်ထားပြီး ဒေသခံ တွေ ပါဝင်တဲ့ ပွင့်လင်း မြင်သာတဲ့ လုပ်ဆောင်မှု ဖြစ်အောင် လုပ်ဖို့ လိုတယ်။

ဒီလို လုပ်ဆောင်ဖို့ ပြည်သူ တွေကို ပညာပေး လုပ်ဆောင်ပြီး သဘောထား ကောက်ခံ သွားမယ် လို့ ဖါးကန့် အခြေစိုက် ကချင် အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း ဥက္ကဋ္ဌ ဦးလာတောင် က ပြောပါတယ်။

လူထု အပါအဝင် လူမှု အဖွဲ့အစည်း တွေ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေနဲ့ မတ်လ ကုန်ပိုင်းမှာ ဖိုရမ် ဆွေးနွေးပွဲ တခုလုပ်ပြီး တောင်းဆိုမှုတွေ လုပ်ဆောင် သွားဖို့ လည်း ရှိတယ် လို့ ဦးလာတောင်က ပြောပါတယ်။

ဖါးကန့်မြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးဒါဆီလာဆိုင်း ကတော့ အစိုးရသစ် လက်ထက် မှာ ဒီကိစ္စတွေကို ပွင့်လင်း မြင်သာမှုရှိအောင်၊ စနစ်တကျဖြစ်အောင် လုပ်ဆောင် သွားဖို့ ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ