အစိုးရသစ် လက်ထက် မြစ်ဆုံဆည် တရုတ် ပြန်စလို

ဓာတ်ပုံ မူပိုင် AP
Image caption NLD ပါတီ ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်း က အစိုးရ မဖွဲ့စည်းရသေးတဲ့ အတွက် ဒီကိစ္စ နဲ့ပတ်သက်ပြီး မပြောလိုကြောင်းနဲ့ ဒီကိစ္စဟာ တရုတ်နိုင်ငံ ဘက်က အယူအဆ သက်သက်သာ ဖြစ်တယ်လို့ ပြော

လူတွေရဲ့ ကန့်ကွက်မှုကြောင့် ကချင်ပြည်နယ် မြစ်ဆုံဆည် ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၁၁ ခုနှစ်ကတည်းက ရပ်နားထားခဲ့ရာမှာ လာမယ့်အစိုးရသစ်လက်ထက်မှာတော့ ပြန်စနိုင်မယ်လို့ ယုံကြည်ကြောင်း ဒီစီမံကိန်းကို ဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံဘက်က ပြောဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မြန်မာအစိုးရသစ်လက်ထက်မှာ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ပြောခဲ့သလို စီမံကိန်းကို အကောင်အထည်ဖော်တဲ့ တရုတ်ကုမ္ပဏီ ဘက်ကလည်း ဒေါ်လာ သန်း ၃၆၀၀ တန် ဒီစီမံကိန်းကြီး ပြန်စနိုင်ဖို့ လုပ်ဆောင်မယ်လို့ ပြောပါတယ်။

NLD ပါတီ ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်း က အစိုးရ မဖွဲ့စည်းရသေးတဲ့ အတွက် ဒီကိစ္စ နဲ့ပတ်သက်ပြီး မပြောလိုကြောင်းနဲ့ ဒီကိစ္စဟာ တရုတ်နိုင်ငံ ဘက်က အယူအဆ သက်သက်သာ ဖြစ်တယ်လို့ ပြောပါတယ်။

ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တရုတ် နိုင်ငံကို သွားရောက် လည်ပတ်စဉ် အတွင်း ဒီ မြစ်စုံ စီမံကိန်း နဲ့ ပတ်သက်ပြီး နှစ်ဘက် ဆွေးနွေးညှိနှိုင်းခဲ့တာမျိုးလည်း မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

မြစ်ဆုံ စီမံကိန်း ပြန်စမလား၊ ဆက်လက်ပြီး ရပ်ထားမလား၊ ဒါမှမဟုတ် အပြီးတိုင် ဖျက်သိမ်းမလား ဆိုတဲ့ ကိစ္စတွေကို နှစ်နိုင်ငံ ချုပ်ဆိုခဲ့တဲ့ စာချုပ် စာတမ်းတွေ အပေါ်မှာ မူတည်ပြီး စဉ်းစား ဆုံးဖြတ် မယ်လို့ ပြောပါတယ်။

လူထုရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး လူထု အကျိုး မရှိတဲ့ စီမံကိန်းတွေကို ဆက်လက်မှာ မဟုတ်ဘူးလို့ လည်း ပြောပါတယ်။

NLD အစိုးရ ဖွဲ့ပြီးတဲ့ အခါမှာ လိုအပ်တဲ့ ကိစ္စတွေကို အချိန်နဲ့ တပြေးညီ ရှင်းလင်း ပြောကြားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ