ကျောင်းသားတွေ လွတ်မြောက်ရေး အစိုးရသစ်ကို ဆက်တောင်းဆိုမယ်

myanmar_students_crackdown_ ဓာတ်ပုံ မူပိုင် epa
Image caption တပ်မတော် က ဆက်လက် ချုပ်ကိုင် ထားမယ့် ပြည်ထဲရေး ဝန်ကြီး ဌာနနဲ့ အစိုးရသစ် အကြား ကျောင်းသား တွေကို ပြန်လွှတ် ပေးရေး အတွက် ဘယ်လောက်အထိ ညှိနှိုင်း နိုင်မလဲ။

အမျိုးသား ပညာရေး ဥပဒေ ကို သပိတ်မှောက် ခဲ့တဲ့ အတွက် အကြမ်းဖက် ဖမ်းဆီး ခံထားရတဲ့ ကျောင်းသား တွေ လွတ်မြောက် ရေးကို အစိုးရသစ် ပေါ်ထွန်း လာတဲ့ အခါဆက်လက် တောင်းဆို သွားမယ် လို့ သပိတ် ဦးဆောင် ဦးဆောင် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် က ပြောလိုက် ပါတယ်။

ဒါပေမယ့် တပ်မတော် က ဆက်လက် ချုပ်ကိုင် ထားမယ့် ပြည်ထဲရေး ဝန်ကြီး ဌာနနဲ့ အစိုးရသစ် အကြား ကျောင်းသား တွေကို ပြန်လွှတ် ပေးရေး အတွက် ဘယ်လောက်အထိ ညှိနှိုင်း နိုင်မလဲ ဆိုတာ ကတော့ ဆက်လက် စောင့်ကြည့် ရဦး မှာ ဖြစ်တယ်လို့ ဗကသများ အဖွဲ့ချုပ် ရဲ့ ပြောရေးဆိုခွင့် ရှိသူ ကိုအောင်နေပိုင် က ဘီဘီစီ ကို ပြောပါတယ်။

ဒီမို ကရေစီ ပညာရေး ကို တောင်းဆိုတဲ့ သပိတ်မှောက် ကျောင်းသားတွေ လက်ပံတန်း မှာ အကြမ်းဖက် ဖြိုခွဲ ခံခဲ့ရတဲ့ မတ်လ ၁၀ ရက် နေ့ နှစ်ပတ်လည် အဖြစ် ဗကသများ အဖွဲ့ချုပ် အပါအဝင် အမျိုးသား ပညာရေး သပိတ် ကို ထောက်ခံ ဝိုင်းရံ တဲ့ အင်အားစု တွေ က အထိမ်းအမှတ် အခမ်းအနားတွေနဲ့ လှုပ်ရှား မှု တွေ ပြုလုပ် ခဲ့ကြပါတယ်။

ကျောင်းသားတွေက အကြမ်းဖက် ဖြိုခွင်း ခံခဲ့ရတဲ့ လက်ပံတန်းမြို့ အောင်မြေဗိမာန် ဘုန်းကြီးကျောင်းမှာ နိုင်ငံရေး အင်အားစုတွေ အထိမ်းအမှတ် အခမ်းအနားလုပ်ခဲ့ကြသလို၊ မန္တလေး မဟာမြတ်မုနိ ဘုရားကြီး အရှေ့ဘက်မုခ်မှာ လည်း အထက် ဗမာပြည် ဗကသ ကျောင်းသားတချို့ ဆန္ဒ ပြခဲ့ ကြပါတယ်။

ဖမ်းဆီးခံ ကျောင်းသားတွေ လွတ်မြောက်ရေး အတွက် ကလေး၊ မုံရွာ၊ ပုသိမ်၊ ပြည်၊ မြင်းခြံ နဲ့ ဗန်းမော်မြို့တွေ မှာလည်း ဆုတောင်းပွဲ တွေ၊ ဆန္ဒပြပွဲတွေ ပုံစံမျိုးစုံနဲ့ လုပ်ခဲ့ကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မနှစ် မတ်လ ၁၀ ရက်နေ့တုန်းက ဖမ်းဆီးခံရသူ ၈၂ ယောက်ရှိခဲ့ပြီး၊ အခုအချိန်ထိ သာယာဝတီထောင်ထဲ မှာ ဆက်လက် အကျဉ်းချခံ နေရဆဲ ၄၇ ယောက် ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ