NLD နဲ့ တပ်မတော်ကြား ပြေလည်မှု ရစေ့ချင်တယ်လို့ NLD ဒုသမ္မတလောင်း ပြော

_nld_henary_presidential_candidate_
Image caption ဦးဟင်နရီ ဗန်ထီးယူ ဟာ ကိုယ်တိုင်လည်း တပ်မတော် သား တစ်ဦး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသူ ဖြစ်ပါတယ်။

အမျိုးသား လွှတ်တော် မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က ဒုတိယ သမ္မတ လောင်း အဖြစ် အမည် စာရင်း တင်သွင်း ခဲ့တဲ့ ဦးဟင်နရီ ဗန်ထီးယူ က NLD ပါတီ နဲ့ တပ်မတော် အကြား ပြေလည် မှု တွေ ရရှိပြီး ပူးပေါင်း လက်တွဲ ဆောင်ရွက် သွားစေလို တဲ့ ဆန္ဒ ရှိတယ်လို့ ပြောပါတယ်။

ဦးဟင်နရီ ဗန်ထီးယူ ဟာ ကိုယ်တိုင်လည်း တပ်မတော် သား တစ်ဦး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသူ ဖြစ်ပါတယ်။

သူ့ ကို ဒုသမ္မတ လောင်း အနေနဲ့ ပါတီက အဆိုပြုမယ် ဆိုတာကို ရက် အနည်းငယ် အလိုကမှ ကြိုသိ ခဲ့ရတာ ဖြစ်ပြီး အခုလို နိုင်ငံတော်ရဲ့ အဆင့်မြင့်ဆုံး တာဝန် ဝတ္တရား ကို ထမ်းဆောင်ဖို့ ချင်းတိုင်းရင်းသား ထဲကနေ ပထမဆုံး အကြိမ် အရွေးခံ လာရတဲ့ အပေါ် ဂုဏ်ယူတယ် လို့ ဦးဟင်နရီ ဗန်ထီးယူ က ဘီဘီစီ က သီးသန့် တွေ့ဆုံ မေးမြန်းစဉ် ပြောပါတယ်။

သူ သာ သမ္မတ၊ ဒုသမ္မတ ရာထူး နေရာတွေ မှာ တကယ်တမ်း အတင် မြှောက် ခံခဲ့ရပြီ ဆိုရင် တိုင်းရင်းသားတွေ အရေး အတတ်နိုင်ဆုံး ဆောင်ရွက် သွားမယ် လို့ လည်း ဆိုပါတယ်။

ချင်းပြည်နယ် ဖွံ့ဖြိုးဖို့ ဆိုရင် လမ်းပမ်း ဆက်သွယ်ရေး ကောင်းမွန်ဖို့ ဦးစားပေး လုပ်ဆောင် ရမှာ ဖြစ်တယ်လို့ ဦးဟင်နရီ ဗန်ထီးယူ က ပြောပါတယ်။

မတ်လ ၁၀ ရက် နေ့မှာ အခုလို ဦးဟင်နရီ ဗန်ထီးယူ အပါအဝင် ဒုတိယ သမ္မတ လောင်းတွေ ရဲ့ နာမည် စာရင်း ထွက်ပေါ် လာခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၁၁ ရက်နေ့မှာတော့ ပြည်သူ့လွှတ်တော်မှာ NLD က တင်သွင်းတဲ့ ဦးထင်ကျော်နဲ့ ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ် ဒေါက်တာ စိုင်းမောက်ခမ်း၊ အမျိုးသားလွှတ်တော်မှာ ဆိုရင် NLD ရဲ့ ဦးဟင်နရီ ဗန်ထီးယူနဲ့ ကြံ့ခိုင်ရေး က ဦးခင်အောင်မြင့် တို့ထဲက တစ်ဦးစီကို သက်ဆိုင်ရာ လွှတ်တော် အသီးသီးမှာ လျှို့ဝှက် မဲပေးစနစ်နဲ့ မဲပေး ရွေးချယ်ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ