သံလွင်မြစ်ပေါ်က ဆည်စီမံကိန်းတွေ ရပ်ဖို့ တောင်းဆို

  • 12 မတ် 2016
salween_river_dams
Image caption ဆည်တမံ ၁၆ ခု ဆောက်လုပ်မယ့် စီမံကိန်းတွေ ကို လက်ရှိ အစိုးရ နဲ့ တရုတ် နိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေ အကြား အရင် လ ထဲက လက်မှတ် ရေးထိုး ခဲ့ကြ။

သံလွင် မြစ်ပေါ် မှာ ဆည်တမံ တွေ အများအပြား ဆောက်လုပ်မယ့် စီမံကိန်း ဟာ ဌာနေ တိုင်းရင်းသား လူမျိုးစု တွေ ရဲ့ အိုးအိမ်တွေ နဲ့ အသက်မွေး ဝမ်းကျောင်းမှု တွေ အပေါ် ခြိမ်းခြောက် နေတာကို ပေါ်ထွန်း လာတော့ မယ့် အစိုးရ သစ် နဲ့ တကွ နိုင်ငံခြားသား ရင်းနှီးမြှုပ် နှံသူတွေ ကို သတိပေး ပြသဖို့ အတွက် အခု ရက်တွေ မှာ လှုပ်ရှားမှု တွေ ပြုလုပ် မှာ ဖြစ်တယ်လို့ ကရင် မြစ်ကြောင်းများ စောင့်ကြည့်ရေး အဖွဲ့ က ပြောပါတယ်။

ဒေသခံ ဌာနေ တွေ ရဲ့ ကန့်ကွက် မှု တွေ ကြားထဲက ပဲ ရေအား လျှပ်စစ် ထုတ်လုပ် ဖို့ အတွက် ဆည်တမံ ၁၆ ခု ဆောက်လုပ်မယ့် စီမံကိန်းတွေ ကို လက်ရှိ အစိုးရ နဲ့ တရုတ် နိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေ အကြား အရင် လ ထဲက လက်မှတ် ရေးထိုး ခဲ့ကြတယ် လို့လည်း အဲဒီ့ အဖွဲ့က ပြောပါတယ်။

လာမယ့် တနင်္လာနေ့ မတ်လ ၁၄ ရက်နေ့ဟာ ကမ္ဘာ့ မြစ်ကြောင်းများ ကို ကာကွယ်ရေး နိုင်ငံတကာ နေ့ အဖြစ် သတ်မှတ် ထားတာ ဖြစ်ပါတယ်။

အဲဒီ့ နေ့ နဲ့ တိုက်ဆိုင်ပြီး သံလွင် မြစ်ပေါ်က ဆည်တမံ စီမံကိန်း တွေ ကို ကန့်ကွက် တဲ့ ၊ လှုပ်ရှားမှု တွေ ပြုလုပ်ဖို့ စီစဉ် လာကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ