သမ္မတလောင်း အရည်အချင်းတွေနဲ့ ကိုက်ညီသလား၊ စိစစ်ရေးအဖွဲ့ အစီရင်ခံတော့မယ်

myint_swe_ ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် အစိုးရ ကနေ ပိတ်ဆို့ ကန့်သတ် မှုတွေ ချမှတ် ခံထားရတဲ့ နာမည်ပျက် စာရင်းထဲ မှာလည်း ဦးမြင့်ဆွေ ဟာ လက်ရှိ ပါဝင် နေ ပါတယ်။

လွှတ်တော် နှစ်ရပ် နဲ့ စစ်တပ် က အသီးသီး ရွေးချယ် ထားတဲ့ သမ္မတ လောင်း ၃ ဦး ဟာ သတ်မှတ် ထားတဲ့ သမ္မတ လောင်း အရည်အချင်း တွေ နဲ့ ကိုက်ညီမှု ရှိမရှိ ကို ဒီကနေ့ မတ်လ ၁၄ ရက် တနင်္လာနေ့ မှာ ကျင်းပ မယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အတွင်း စိစစ်ရေး အဖွဲ့ က အစီအရင်ခံစာ ဖတ်ကြား ဖို့ ရှိနေပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် NLD ပါတီ လွှမ်းမိုး ထားတဲ့ လွှတ်တော် နှစ်ရပ် မှာ NLD ပါတီ က အဆိုပြု ခဲ့တဲ့ ဦးထင်ကျော် နဲ့ ဦး ဟင်နရီ ဗန်ထီးယူ တို့ကို ရွေးချယ် ထားခဲ့ပြီး၊ တပ်မတော်သား ကိုယ်စားလှယ် တွေက တော့ ရန်ကုန်တိုင်း ဝန်ကြီး ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးမြင့်ဆွေ ကို ရွေးချယ် ထားတာ ဖြစ်ပါတယ်။

ဦးမြင့်ဆွေဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နဲ့ နီးစပ်သူ အဖြစ် လူအများ က ရှုမြင် နေကြပြီး သဘောထား တင်းမာသူ တစ်ဦး ဖြစ်တယ် ဆိုတဲ့ ဝေဖန် သုံးသပ် မှု တွေ လည်း ရှိ နေပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် အနေနဲ့ ဦးမြင့်ဆွေဟာ အစိုးရ စီမံကိန်းတွေကို ပွင့်လင်း မြင် သာမှု မရှိဘဲ ချထားပေး ခဲ့တယ် ဆိုတဲ့ ဝေဖန် စွပ်စွဲမှု တွေ သာမက သပိတ်မှောက် ကျောင်းသားတွေ ကို အကြမ်းဖက် နှိမ်နင်းခဲ့မှု အတွက် အဓိက တာဝန် ရှိသူ တစ်ဦး အနေနဲ့လည်း အဝေဖန် ခံခဲ့ရသူ ဖြစ်ပါတယ်။

အမေရိကန် အစိုးရ ကနေ ပိတ်ဆို့ ကန့်သတ် မှုတွေ ချမှတ် ခံထားရတဲ့ နာမည်ပျက် စာရင်းထဲ မှာလည်း ဦးမြင့်ဆွေ ဟာ လက်ရှိ ပါဝင် နေ ပါတယ်။

သမ္မတ အရည်အချင်း စိစစ်တဲ့ ကော်မတီ ကသာ ဦးမြင့်ဆွေ ကို သမ္မတ လောင်း အဖြစ် အတည် ပြု ပေး ပြီ ဆိုရင် သူဟာ အနည်းဆုံး ဒုသမ္မတ တစ်ယောက် ဖြစ်လာ တော့မှာပါ။

စစ်အာဏာရှင် ဟောင်းတွေ စစ်ဗိုလ်ချုပ် ဟောင်း တွေ မတော်မတရား ရယူထားတဲ့ ဓန အင်အားနဲ့ စီးပွားရေး လုပ်ငန်း တွေ ကို အကာအကွယ် ပေးဖို့ သက်သက် ဦးမြင့်ဆွေ ဆောင်ရွက် လာမယ် ဆိုရင် တော့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ဆက်လက် ထိခိုက် နေဦး မှာပဲ လို့ နိုင်ငံရေး ဆောင်းပါးရှင် စည်သူအောင်မြင့် က သုံးသပ်ပါတယ်။

ဒါပေမယ့် ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ အတိုင်း သမ္မတ အပေါ်သာ တာဝန် ခံရမယ့် ဒုသမ္မတ တစ်ဦး အနေနဲ့ သမ္မတ ရဲ့ မူဝါဒ နဲ့ လမ်းညွှန် ချက် တွေ ကို အကောင်အထည် ဖော်မယ် ဆိုရင်တော့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး အများကြီးပြေပြစ် လာနိုင်တယ် လို့လည်း ဦးစည်သူအောင်မြင့်က ဆိုပါတယ်။

သမ္မတ အရည်အချင်း စိစစ်တဲ့ ကော်မတီ က သမ္မတ လောင်း ၃ ဦး ကို အတည်ပြု ပေး ခဲ့ရင် အခု သီတင်း ပတ်ထဲမှာပဲ ပြည်ထောင်စု လွှက်တော် တွင်း မဲ ခွဲ ကြပြီး ဦးထင်ကျော်၊ ဦး ဟင်နရီ ဗန်ထီးယူ နဲ့ ဦးမြင့်ဆွေ တို့ဟာ သမ္မတ နဲ ဒု သမ္မတ တွေ အသီးသီး အဖြစ် တာဝန်ယူ သွားကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ