နှစ်ပေါင်း ၅၀ကျော်မှာ အရပ်သား သမ္မတ တစ်ယောက် စတင် ပေါ်ထွန်း

u_htin_kyaw_president
Image caption သမ္မတ ဦးထင်ကျော်က ပြည်သူတွေရဲ့ အောင်ပွဲ ဖြစ်တယ်လို့ သမ္မတ ရွေးပွဲ အပြီး သတင်းထောက် တွေကို ပြော။

ပြည်ထောင်စု မြန်မာ နိုင်ငံတော်ရဲ့ သမ္မတသစ် တစ်ဦး ပေါ်ထွန်းလာ ပြီ ဖြစ်ပါတယ်။

၂၀၁၆ ခု၊ မတ်လ ၁၅ ရက် နေ့ ပြည်ထောင်စု လွှတ်တော် ကနေ သမ္မတ အဖြစ် ဦးထင်ကျော် ကို ရွေးချယ် လိုက် ကြတာ ဖြစ်ပါတယ်။

မဲပေးခဲ့သူ ၆၅၂ ယောက် ထဲက မဲ ပေါင်း ၃၆၀ ရလာဒ် နဲ့ ဦးထင်ကျော် ဟာ လွတ်လပ်ရေး ရပြီး ခတ်သစ် မြန်မာ နိုင်ငံရဲ့ ၉ ဦးမြောက် သမ္မတ ဖြစ်လာ ခဲ့တာပါ။

ပြည်ထောင်စု လွှတ်တော် မှာ လွှမ်းမိုးထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကနေ နာမည်စာရင်း တင်သွင်းပြီး အတည်ပြု နိုင်ခဲ့တဲ့ ဦးထင်ကျော် ကို NLD ပါတီ အမတ်တွေ စုပုံပြီး မဲပေးခဲ့ပုံရပါတယ်။

NLD ပါတီ ရဲ့ နောက် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးဟင်နရီ ဗန်ထီးယူ က တော့ မဲ ၇၉ မဲ ရရှိပြီး ဒုတိယ သမ္မတ တစ်ဦး ဖြစ်လာခဲ့သလို၊ တပ်မတော်သား ကိုယ်စားလှယ် ရွေးချယ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း လည်းဖြစ် ရန်ကုန်တိုင်း ဝန်ကြီးချုပ်လည်း ဖြစ်ခဲ့တဲ့ ဦးမြင့်ဆွေ လည်းပဲ မဲပေါင်း ၂၁၃ မဲ နဲ့ နောက်ထပ် ဒုတိယ သမ္မတ တစ်ယောက် ဖြစ်လာ ခဲ့ပါတယ်။

သမ္မတ ဦးထင်ကျော်က ပြည်သူတွေရဲ့ အောင်ပွဲ ဖြစ်တယ်လို့ သမ္မတ ရွေးပွဲ အပြီး သတင်းထောက် တွေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ ဖြစ်ခွင့် ကနေ ဖွဲ့စည်းပုံ အရ အတားအဆီး ဖြစ်နေစေတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင် ဖို့ ရာ တပ်မတော် ဘက်က လက်မခံနိုင် ဖြစ်နေတဲ့ အတွက် ဒေါ်အောင်ဆန်းစု ကြည် ကနေ စိတ်ချ ယုံကြည်တဲ့ ဦးထင်ကျော် သမ္မတ ဖြစ်လာရေး အတွက် NLD ပါတီ က လုပ်ဆောင် လာကြရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ