NLD အစိုးရသစ် စစ်တပ်ရဲ့ ယုံကြည်မှု ရအောင်ယူဖို့ သုံးသပ်

myanmar_army_parliament
Image caption အခြေခံ ဥပဒေ နဲ့ ကိုက်ညီနေသမျှ တပ်မတော် အနေနဲ့ သမ္မတ နဲ့ အစိုးရ ရဲ့ ဦးဆောင်မှုကို လိုက်နာ မှာ ဖြစ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က တင်သွင်းတဲ့ ဦးတင်ကျော် သမ္မတ အဖြစ် အရွေးချယ် ခံ ခဲ့ ရပြီးတဲ့ နောက်ပိုင်း ပေါ်ပေါက်လာမယ့် အစိုးရ သစ် အနေနဲ့ တပ်မတော် နဲ့ ကြား ပြေလည် ချင်ရင် တပ်မတော်ရဲ့ ယုံကြည်မှု ကို ရအောင် ယူဖို့ လိုတယ် ဆိုပြီး အရင် လွှတ်တော် သက်တမ်း တုန်းက အမတ်တစ်ဦးလည်း ဖြစ်၊ စစ်တပ် အရာရှိ ဟောင်းလည်း ဖြစ်တဲ့ ဦးလှဆွေက ဘီဘီစီ ကို ပြောပါတယ်။

အခြေခံ ဥပဒေ နဲ့ ကိုက်ညီနေသမျှ တပ်မတော် အနေနဲ့ သမ္မတ နဲ့ အစိုးရ ရဲ့ ဦးဆောင်မှုကို လိုက်နာ မှာ ဖြစ်တယ် ဆိုပြီးတော့ လည်း ဦးလှဆွေ က ဆိုပါတယ်။

လက်ရှိ အခြေအနေ အရတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တပ်မတော် အကြား ပြေလည် နိုင်ဖို့ မရှိသေးဘူး လို့လည်း ဦးလှဆွေက သုံးသပ် ပါတယ်။

တပ်မတော် ရဲ့ တရားဝင် သဘောထားကို သိရဖို့ တပ်မတော် ပြောခွင့်ရ ဗိုလ်ချုပ် အောင်ရဲဝင်း ကို ဘီဘီစီ က ဆက်သွယ် မေးမြန်း ခဲ့ပေမယ့် အခုအချိန် မှာ မပြော နိုင်သေးဘူးလို့ ဆိုပါတယ်။

အင်အားကြီး တိုင်းရင်းသား နိုင်ငံရေး ပါတီ တစ်ခု ဖြစ်တဲ့ ရှမ်း တိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ ချုပ် SNLD ပါတီ က တော့ ဦးထင်ကျော် သမ္မတ သစ် ဖြစ်လာတာကို ကြိုဆို ကြောင်း ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် တွင်း တိုင်းရင်းသား အမတ် တွေ ရဲ့ ထောက်ခံမှု နဲ့ပါ ဦးထင်ကျော် ကို ရွေးချယ် နိုင်ခဲ့တာ ဖြစ် နိုင်တယ် လို့ SNLD ပြောခွင့်ရ ဦးစိုင်းလိပ် က ဘီဘီစီ ကို ပြောပါတယ်။

အခုလို တိုင်းရင်းသား တွေ ရဲ့ ထောက်ခံ ဝိုင်းရံမှု ကို အပြည့်အဝ ဆုပ်ကိုင် အသုံးပြုပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေ ကို ဆောင်ရွက် ပါ လို့လည်း ဦးစိုင်းလိတ် က တိုက်တွန်းပါတယ်။