MPC နှစ်ဖွဲ့ ကွဲတော့မလား

  • 17 မတ် 2016
U Aung Min at MPC meeting ဓာတ်ပုံ မူပိုင် MPC Photo
Image caption ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ဦးအောင်မင်း သီးခြား လုပ်လို

သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာ က နေခွဲထွက်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ သတင်းတွေ ကြားနေရ ပါတယ်။

မြန်မာငြိမ်းချမ်းရေး စင်တာ MPC ကို ထူထောင်ခဲ့သူ တစ်ယောက်ဖြစ်တဲ့ ဦးတင်မောင်သန်းက ဦးအောင်မင်းနဲ့ အတူ ခွဲထွက်မယ့် အဖွဲ့မှာ ပါသွားမှာဖြစ်ပါတယ်။

ဦးအောင်မင်းနဲ့ အဖွဲ့က Centre for Peace and Development ဆိုနဲ့ နာမည်နဲ့ ပြည်ထဲရေးဝန်ကြီးဌာန မှအသင်းအဖွဲ့ မှတ်ပုံတင် လျှောက်ထားခဲ့ပြီး ဖြစ်တဲ့ အပြင် ရန်ကုန်မြို့ တော်ဝင်စင်တာမှာ ရုံးခန်းဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ MPC က လက်ရှိ တာဝန်ရှိသူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ကျန်တဲ့ အဖွဲ့က အစိုးရသစ်နဲ့ လက်တွဲ ဖို့ရှိတယ်လို့ MPC ဘက်ကရော NLD ထိပ်ပိုင်း ခေါင်းဆောင်ပိုင်း ဘက်ကပါ လာတဲ့ သတင်းတွေ အရ သိရပါတယ်။

MPC မှာ ကျန်ခဲ့ပြီး အစိုးရ သစ်နဲ့ လက်တွဲ ဆောင်ရွက်မယ့် အဖွဲ့မှာတော့ ဦးလှမောင်ရွှေ၊ ဦးအောင်နိုင်ဦးနဲ့ ဒေါက်တာမင်းဇော်ဦးတို့ပါဝင် မယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ NLD ဘက်က ကမ်းလှမ်းတာ မရှိသေးပေမဲ့ ကမ်းလှမ်းလာရင်တော့ အစိုးရ သစ်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဒေါက်တာ တင်မျိုးဝင်းနဲ့အတူ အကောင် ထည်ဖော် ဆောင်ရွက်ဖို့ အသင့် ရှိကြောင်း ဦးလှမောင်ရွှေက ပြောပါတယ်။

MPC က အစိုးရသစ်ရဲ့ ဦးဆောင်မှု လက်အောက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင် ကြမှာ ဖြစ်ပြီး ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ကတော့ အစိုးရသစ် လက်အောက်မှာ မဟုတ်ဘဲ သီးခြားလွတ်လပ်တဲ့ အဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို သီးခြား လုပ်လိုတဲ့ အတွက် အခုလို ခွဲထွက်တာ ဆိုတဲ့ သုံးသပ်မှု တွေလည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ