ဝန်ကြီးဌာန ၂၁ နဲ့ အစိုးရသစ်ဖွဲ့မယ်

Image caption အရင်က ဝန်ကြီးဌာန ၃၆ ခု ရှိခဲ့ပြီး အစိုးရသစ် လက်ထက်မှာတော့ ဝန်ကြီးဌာန ၂၁ ခု နဲ့ လျော့ချ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

အစိုးရသစ် ဖွဲ့စည်းရာမှာ ပါဝင်မယ့် ဝန်ကြီး ဌာန တွေနဲ့ ဝန်ကြီး အရေ အတွက် ကို မတ်လ ၁၇ ရက်နေ့က ပြည်ထောင်စု လွှတ်တော် မှာ သမ္မတ ဦးထင်ကျော် က တင်ပြ ခဲ့ပါတယ်။

အရင်က ဝန်ကြီးဌာန ၃၆ ခု ရှိခဲ့ပြီး အစိုးရသစ် လက်ထက်မှာတော့ ဝန်ကြီးဌာန ၂၁ ခု နဲ့ လျော့ချ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

ပြည်ထောင်စု လွှတ်တော်မှာ အဆိုပြု တင်ပြရာမှာတော့ ဝန်ကြီးဌာနတွေကို လုံး၀ ဖျက်သိမ်းလိုက်တယ်ဆိုတာမျိုးထက် တခြားဌာနတွေအောက်မှာ ပူးပေါင်း လိုက်တာမျိုး ဖြစ်ပါတယ်။

အရင်ဝန်ကြီးဌာန (၃၆)ခုထဲမှာပါတဲ့ နိုင်ငံခြားရေး ပညာရေး ကျန်းမာရေး ပြန်ကြားရေး စတဲ့ ဝန်ကြီးဌာန တွေက ဆက်လက် ထားရှိမှာပါ။

သမဝါယမဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာန၊ သတ္ထုတွင်းဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဌာန (၁၀)ခု ကို တခြား ဝန်ကြီးဌာနတွေ အောက် မှာ ထည့်သွင်းထားပါတယ်။

သမဝါယမ ဝန်ကြီးဌာနဆိုရင် စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အောက်ကို ဦးစီးဌာန အနေနဲ့ ရောက်သွားမှာ ဖြစ်ပါတယ်။

ဒီလို ဝန်ကြီးဌာန တစ်ခုလုံးကို ဖြုတ်ဖို့ လိုအပ်သလားဆိုတာနဲ့ ပတ်သက်လို့ သမဝါယမ ဝန်ကြီးဌာနက ဒုတိယ အမြဲတန်းအတွင်းဝန် ဦးဇော်မျိုးက အစိုးရသစ်ကို တာဝန် လွှဲပြောင်းရာမှာ ကူညီ သွားမယ်လို့ ပြောပါတယ်။

လက်ရှိမှာ ဝန်ထမ်းပေါင်း (၃၃၀၀) ကျော် ရှိနေတဲ့ အားကစား ဝန်ကြီး ဌာန ကို ကျန်းမာရေးဝန်ကြီးဌာန ဆီမှာ ပူးပေါင်း လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အားကစား ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးဇော်ဟိန်းက အားကစား ဆိုတဲ့ နာမည် ပျောက်သွားခဲ့ပြီး နိုင်ငံတကာ အားကစား အဖွဲ့တွေ နဲ့ ဆက်သွယ်ရာမှာ အခက်အခဲတွေ ဖြစ်နိုင်မယ်လို့ ယူဆ ကြောင်း ပြောပါတယ်။

သတ္တုတွင်း ဝန်ကြီးဌာန ဆိုရင် သံယာဇာတ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန နဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ်။

သတ္တုတွင်းဝန်ကြီးဌာန အနေနဲ့ ကတော့ လုပ်ငန်း တွေ ပုံမှန် ဆောင်ရွက်နေပြီး ညွှန်ကြားချက် အတိုင်းဝန်ကြီးဌာနကို ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ အမြဲတမ်းအတွင်းဝန် ဦးဌေးအောင် ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ