လွှတ်တော် တိုးတက်ရေးအဖွဲ့ ဖွဲ့စည်း

ဓာတ်ပုံ မူပိုင် AP
Image caption လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ဝန်ထမ်းတွေကို သင်တန်းတွေ ပေးဖို့လည်း စီစဉ် ထားတယ်လို့ အဖွဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးဇေယျာသော်က ပြော

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ပြီး လွှတ်တော် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့ကို မတ်လ ၁ဝ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။

အဖွဲ့ ကို ဖွဲ့စည်းရတဲ့ အဓိက ရည်ရွယ်ချက်က လွှတ်တော် ကိုယ်စားလှယ်တွေ ပြီးတော့ လွှတ်တော်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ လွှတ်တော်ဝန်ထမ်းတွေ အရည်အသွေး မြှင့်တင်ဖို့ အတွက် ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ဝန်ထမ်းတွေကို သင်တန်းတွေ ပေးဖို့လည်း စီစဉ် ထားတယ်လို့ အဖွဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးဇေယျာသော်က ပြောပါတယ်။

လွှတ်တော် က သက်ဆိုင်ရာ ကော်မတီ အလိုက် ဥပဒေရေးရာ သင်တန်းတွေ ပေးနိုင်အောင် လုပ်သွားမယ်လို့ သိရပါတယ်။

ဥပဒေ တစ်ခုကို ဘယ်လိုစိစစ်ရမလဲ၊ ဥပဒေကြမ်းတစ်ခုကို ဘယ်လိုပြုစု ရမလဲ ဆိုတာတွေအပြင် လွှတ်တော်နဲ့ အခြား ဌာနတွေ အပြန်အလှန် ဘယ်လို ထိန်းညှိဆောင်ရွက်မလဲ ဆိုတဲ့ ကိစ္စတွေပါ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အရည်အချင်း ကို တိုးတက်အောင် လုပ်ဆောင်ရတာ ဖြစ်တဲ့ အတွက် သက်ဆိုင်ရာ မဲဆန္ဒ နယ်တွေ အတွက်ပါ အကျိုး ရှိစေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွှတ်တော် အခန်းကဏ္ဍ ကို တိုးချဲ့ လုပ်ကိုင်ရာမှာ ဝန်ထမ်း တွေရဲ့ လုပ်ငန်းတာဝန်တွေ ခေျာချောမွေ့မွေ့ ဖြစ်ဖို့ အဖွဲ့အနေနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ