ရုပ်သံလွှင့် ဥပဒေ ပြင်ဆင်ဖို့ ဆွေးနွေး

  • 19 မတ် 2016
ဓာတ်ပုံ မူပိုင် MLC
Image caption ရုပ်သံလွှင့် ဥပဒေမှာ အားနည်း ချက်တွေ ရှိနေပြီး ကန့်သတ်ချက်တွေ များတဲ့ အတွက် ပြင်ဆင် သင့်ကြောင်း ပြောကြား နေ

ရုပ်မြင်သံကြားနဲ့ အသံ ထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေပါ အချက်အလက် တွေနဲ့ ပတ်သက်လို့ မတ်လ ၁၉ ရက်နေ့က ပြည်တွင်း ပြည်ပ မီဒီယာ အဖွဲ့ အစည်းတွေ ဆွေးနွေးခဲ့ပါတယ်။

ပထမ အကြိမ် လွှတ်တော်မှာ အတည်ပြု ခဲ့တဲ့ ရုပ်သံလွှင့် ဥပဒေမှာ အားနည်း ချက်တွေ ရှိနေပြီး ကန့်သတ်ချက်တွေ များတဲ့ အတွက် ပြင်ဆင် သင့်ကြောင်း ပြောကြား နေပါတယ်။

ရုပ်မြင်သံကြားနဲ့ အသံထုတ် လွှင့်ခြင်း ဆိုင်ရာ ဥပဒေကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ က လွှတ်တော် ကနေ အတည်ပြုခဲ့ပြီး လောလောဆယ်မှာ နည်း ဥပဒေ ထွက်ရှိဖို့ပဲ ကျန်တော့တာဖြစ်ပါတယ်။

ရုပ်သံလွှင့် ဥပဒေဟာ အစိုးရ မီဒီယာ နဲ့ အစိုးရနဲ့ နီးစပ်တဲ့ ပုဂ္ဂလိက မီဒီယာ တွေကိုပဲ လုပ်ပိုင်ခွင့် ပြုထားတယ်လို့ ပြောကြား နေကြတာ ဖြစ်ပါတယ်။

NLD အစိုးရသစ် နဲ့ လွှတ်တော်ကို အကြံပြု တင်ပြမယ့် ရုပ်သံလွှင့် ဥပဒေ ကို ပြင်ဆင် ဖို့ DVB အသံလွှင့်ဌာန က ဦးဆောင်ပြီး ၂ ရက်ကြာ ကျင်းပနေပါတယ်။

ဆွေးနွေး ပွဲကို ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်လည်း တက်ရောက် ခဲ့ပြီး ရုပ်သံလွှင့် ဥပဒေမှာ အားနည်းချက်တွေ ရှိနေတယ်လို့ ဝန်ခံ ခဲ့ကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ