NCA ပါ အချက်အလက်တွေ အပေါ် ပြန်လည် ဆွေးနွေးဖို့ မလို

  • 19 မတ် 2016
myanmar_peace_talk_ ဓာတ်ပုံ မူပိုင် EPA
Image caption နိုင်ငံရေး မူဘောင် တွေ နဲ့ ပတ်သက်လို့တော့ NLD နဲ့ နှစ်ဘက် ညှိနှိုင်း ဆွေးနွေး။

တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ဟာ အာဏာရ ကြံခိုင်ရေး ပါတီ နဲ့ လက်မှတ် ရေးထိုး ခဲ့တာ မဟုတ်ပဲ ပြည်ထောင်စု အစိုးရ နဲ့ အကြား သဘောတူ စာချုပ် ဖြစ်တဲ့ အတွက်၊ NLD ပါတီ အစိုးရ ဖြစ်လာ တဲ့ အခါ၊ NCA ပါ အချက် တွေ ကို ပြန်လည် ဆွေးနွေးဖို့ ရာ မလို အပ်ဘူး ဆိုပြီး NCA ထဲ ပါဝင် လက်မှတ် ရေးထိုး ထားတဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO က ပြောပါတယ်။

ဆက်လက် ဆွေးနွေး ရမယ့် နိုင်ငံရေး မူဘောင် တွေ နဲ့ ပတ်သက်လို့တော့ နှစ်ဘက် ညှိနှိုင်း ဆွေးနွေး ရမှာ ဖြစ်တယ် လို့ PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်း က ဘီဘီစီ ကို ပြောပါတယ်။

NCA မှာ လက်မှတ် ထိုးထားတဲ့ PNLO အပါအဝင် လက်နက်ကိုင် ၈ ဖွဲ့ က ခေါင်းဆောင် တွေ ဟာ လာမယ့် သီတင်းပတ်ထဲ မှာ ထိုင်းနိုင်ငံ ချင်းမိုင် မှာ တွေ့ဆုံ ကြဖို့ ရှိနေပါတယ်။

အဲဒီ့လို တွေ့ဆုံ ကြတဲ့ အခါ၊ NCA မှာ လက်မှတ် ရေးထိုးဖို့ ကျန်နေသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ နဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက် ကြရမယ့် ကိစ္စ တွေ ကို အဓိက ထား ဆွေးနွေး သွားမယ် လို့ ဦးခွန်မြင့်ထွန်း က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ