အစ္စတန်ဘူလ် မှာ အသေခံ ဗုံးခွဲ တိုက်ခိုက် ခံရ

_istanbul_ ဓာတ်ပုံ မူပိုင် epa
Image caption အစ္စတန်ဘူလ် မှာ အသေခံ ဗုံးခွဲ တိုက်ခိုက် ခံရလို့ လူ လေးဦး သေဆုံး။

တူရကီ နိုင်ငံရဲ့ အဓိက မြို့ကြီး တစ်မြို့ဖြစ်တဲ့ အစ္စတန်ဘူလ် မှာ အသေခံ ဗုံးခွဲ တိုက်ခိုက် ခံရလို့ လူ လေးဦး သေဆုံး သွားပါတယ်။

ဒဏ်ရာ ရသူတွေလည်း အယောက် ၄၀ လောက် အထိ ရှိနိုင်ပါတယ်။

အဲဒီ့ အစ္စတန်ဘူလ် ဗုံးကွဲမှုမှာ အစ္စရေး နိုင်ငံသား တွေ ထဲက သေဆုံးသူ အနည်းဆုံး နှစ်ယောက် ရှိပြီး တော်တော် များများလည်း ထိခိုက် ဒဏ်ရာ ရသွားတယ် လို့ အစ္စရေး အစိုးရ က ပြောပါတယ်။

အဲဒီသူ တွေကို ပြန်လည် ခေါ်ဆောင်ဖို့ အစ္စရေး အာဏာပိုင် တွေ က လေယာဉ် တစ်စင်း စေလွှတ် လိုက်ပြီ လို့လည်း ဆိုပါတယ်။

သေဆုံး သူတွေ ထဲ အီရန် နိုင်ငံသား တစ်ဦးလည်း ပါဝင်ပါတယ်။

အစ္စတန်ဘူလ် ရဲ့ လူစည်ကားရာ စျေးဆိုင်တန်း တွေ ရှိရာ အရပ်မှာ ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပြီး ဘယ် အဖွဲ့ကမှတော့ သူတို့ လက်ချက် ဖြစ်တယ်လို့ မကြေညာ သေးပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်း က မြို့တော် အဲန်ကာရာ မှာ ကာ့ဒ်လက်နက်ကိုင် တွေ က သူတို့ ပြုလုပ် ခဲ့တာ လို့ ထုတ်ဖော် ပြောထားတဲ့ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပေါ် ခဲ့ပြီး လူ ၃၀ ကျော် သေဆုံး ခဲ့ရ သလို၊ ဇန်နဝါရီ လတုန်းက လည်း အစ္စတန်ဘူလ် မှာ အစ္စလာမ်နစ် နိုင်ငံ အဖွဲ့ IS တွေ ရဲ့ လက်ချက် လို့ ယူဆရတဲ့ အသေခံ ဗုံးခွဲမှုကြောင့် နိုင်ငံခြားသား ခရီးသည် ၁၃ ဦး သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ