အစိုးရသစ် ဌာန ၂၁ ခု နဲ့ ဝန်ကြီး ၁၈ ဦး ထားမယ်

  • 21 မတ် 2016
htin_kyaw ဓာတ်ပုံ မူပိုင် AP
Image caption အလုပ်အကိုင် မစိုးရိမ်ကြဖို့ ဦးထင်ကျော် ပြော

သမ္မတ အဖြစ် ရွေးချယ်ခံထား ရတဲ့ ဦးထင်ကျော် က ဝန်ကြီးဌာန တွေ ပေါင်းစပ် လျှော့ချ ခဲ့ရတာ နဲ့ ပတ်သက် လို့ ပြည်ထောင်စု လွှတ်တော်မှာ မတ်လ ၂၁ ရက်နေ့က လာရောက် ရှင်းပြ ခဲ့ပါတယ်။

အစိုးရ အဖွဲ့ ဝန်ကြီးဌာန ဖွဲ့စည်း တာနဲ့ ပတ်သက်လို့ သမ္မတ ဦးထင်ကျော်က ပြည်ထောင်စု လွှတ်တော်မှာ လာရောက် ရှင်းလင်း ခဲ့ပြီး အတည်ပြုချက် ရယူ ခဲ့တာ ဖြစ်ပါတယ်။

ဦးထင်ကျော် က အစိုးရသစ် လက်ထက်မှာ ဝန်ကြီးဌာန ၂၁ ခု နဲ့ ဝန်ကြီး ၁၈ ဦး ထားရှိမှာ ဖြစ်တဲ့ အကြောင်း ပြောပါတယ်။

ပြည်ထောင်စု ဝန်ကြီး ဦးရေ လျှော့ချ ခြင်း အားဖြင့် နိုင်ငံတော် ဘဏ္ဍာငွေ ကျပ် သန်းပေါင်း ၅ ထောင်ခန့် ခြိုး ခြံချွေတာ နိုင်မှာ ဖြစ်တယ်လို့ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

တချို့ဝန်ထမ်း တွေက ဝန်ကြီးဌာနများ လျော့နည်း သွားလို့ အလုပ် လက်မဲ့ ဖြစ်သွားမှာကို စိုးရိမ်နေကြောင်း ကြားသိရပါတယ်။

သဝါယမ ဝန်ကြီး ဌာန က ဒုတိယ အမြဲတန်း အတွင်းဝန် ဦးဇော်မျိုး ကတော့ အစိုးရ ဝန်ထမ်း ဖြစ်တာကြောင့် ဝန်ကြီးဌာန ပေါင်းစည်းရင် ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ပြောကြား ခဲ့ပါတယ်။

ဝန်ထမ်းတွေရဲ့ အလုပ်အကိုင် နေရာ နဲ့ ပတ်သက်ပြီး မစိုးရိမ်ကြဖို့ သမ္မတ ဦးထင်ကျော်က ပြောပါတယ်။

ဝန်ထမ်းတွေ အနေနဲ့ ဥပဒေ စည်းမျဉ်း စည်းကမ်း နဲ့ ညီညွှတ်မှု ရှိတဲ့ အလုပ် အကိုင် တွေကို သာ လုပ်ကိုင်မယ် ဆိုပါက အလုပ် လက်မဲ့ ဖြစ်စရာ အကြောင်း မရှိဘူးလို့ ပြောကြား ခဲ့ပါတယ်။

သမ္မတ ဦးထင်ကျော်က အရေအတွက် ထက် အရည်အချင်းကို ဦးစားပေးတဲ့ အဂတိ ကင်းစင် သော လူ့ အသိုင်းအဝိုင်း ဖော်ဆောင် သွားမှာ ဖြစ်ကြောင်း နဲ့ အမျိုးသား အကျိုး စီးပွားကို ရှေးရှုရေး၊ ပြည်သူ့ ဘဏ္ဍာငွေများ ခြိုးခြံ ချွေတာရေး နဲ့ စွမ်း ဆောင် ရည် ပြည့်ဝပြီး ကျစ်လျစ် ခိုင်သော ပြည်ထောင်စု အစိုးရ တရပ် ဖွဲ့စည်း နိုင်ရေး ကိစ္စကို ဦးတည် ဆောင်ရွက် သွားမယ်လို့ ပြည်ထောင်စု လွှတ်တော်မှာ တင်ပြ သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ