ဦးဖြိုးမင်းသိန်းကို လူထောင်ကျော် ဆန္ဒပြ

U Phyo Min Thein
Image caption ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဖြစ်လာနိုင်တယ်လို့ ဦးဖြိုးမင်းသိမ်း တစ်ပြေးနေ

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဖြစ်လာနိုင်သူလို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲချုပ် NLD လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကို လူအင်အား ၁၅၀၀ လောက်က ကန့်ကွက် ဆန္ဒပြခဲ့ကြ ပါတယ်။

ရွေးကောက်ပွဲနေ့က လှည်းကူးမြို့ သနပ်ပင်ရွာမှာ ဦးဖြိုးမင်းသိန်းက ကော်မရှင်လူကြီးတွေကို ခြိမ်းခြောက်တယ် ဆိုပြီး ရွေးကောက်ပွဲ စည်းမျဉ်း ဥပဒေအရ ဒေါက်တာ အောင်မြတ်သူက အမှုဖွင့် ထားခဲ့တာ ဖြစ်ပါတယ်။

ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်း ကနေ တာမွေ ဟစ်တိုင်ကွင်း အထိချီတက် ဆန္ဒပြကြရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ ဒေါက်တာ အောင်မြတ်သူက ဦးဆောင် ခဲ့ပါ တယ်။

ဦးဖြိုးမင်းသိန်း ကို ကန့်ကွက်ဖို့ ရောက်လာကြသူ အများစုက ရန်ကုန်မြို့နဲ့ မိုင်၂၀ လောက်ဝေးတဲ့ လှည်းကူး ဖောင်ကြီးဘက်က လူတွေဖြစ်ပါတယ်။

သူတို့က ရန်ကုန်မြို့ ဗဟန်း ဗိုလ်စိန်မှန်ကွင်းကို ကားတွေနဲ့ လာရောက်ကြပြီး ဗိုလ်စိန်မှန်ကွင်း ကနေ တာမွေ ဟစ်တိုင်ကွင်းအထိ ချီတက် ဆန္ဒပြခဲ့ ပါတယ်။

တရားစွဲဆိုခွင့် ကျပြီးဖြစ်ပေမဲ့ တိုင်းဒေသကြီး လွှတ်တော်ကို တင်ပြပြီး စွဲဆိုခွင့် တောင်းရာမှာ ကြံ့ကြာနေတဲ့ အတွက် အခုလို ဆန္ဒ ပြတာ ဖြစ်ကြောင်း ဒေါက်တာ အောင်မြတ်သူက ဘီဘီစီကို ပြောပါတယ်။

ဦးဖြိုးမင်းသိန်းကတော့ ဒေါက်တာ အောင်မြတ်သူဟာ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ကတည်းက သူနဲ့ ယှဉ်ပြိုင်ခဲ့သူ ဖြစ်ကြောင်းနဲ့ အာဏာ လက်လွှတ် ရကာနီး အချိန်မှာ အာဏာရပါတီ တစ်ခုက ထင်ရာတွေ လျှောက်လုပ်သလိုမျိုး မဖြစ်သင့်ဘူးလို့ ပြောဆို တုံ့ပြန်ပါတယ်။ ဒီဆန္ဒပြပွဲကို ကြံ့ခိုင်ရေးပါတီက လုပ်တာ မဟုတ်ဘဲ ပုဂ္ဂလိက အနေနဲ့ စီစဉ်တာ ဖြစ်ကြောင်းနဲ့ ဦးဖြိုးမင်းသိန်းကို တရား စွဲခွင့် မပြု မချင်း ဆက်လက် တောင်းဆို သွားမယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ