ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးဌာန ၄ခုကို ဦးဆောင်မယ်

_dassk ဓာတ်ပုံ မူပိုင် bbc
Image caption နိုင်ငံခြားရေး ဝန်ကြီး ရာထူး ရယူမယ် ဆိုရင် ကာလုံ လို့ ခေါ်တဲ့ နိုင်ငံတော် ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ အဖွဲ့ ထဲမှာပါ ဒေါ်အောင်ဆန်းစုကြည် ပါဝင် လာပါလိမ့်မယ်။

မြန်မာ့ ဒီမိုကရေစီ အရေး ဆယ်စုနှစ် များစွာ လှုပ်ရှား ရုန်းကန် ခဲ့ကြတာ ကနေ အခု အချိန် မှာတော့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ တိုင်းပြည်ရဲ့ အစိုးရ ကက်ဘိနက် အဖွဲ့ဝင် တစ်ဦး ဖြစ်လာတော့ပါမယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ မှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က ဦးဆောင် ပြီး ဖွဲ့စည်းမယ့် အစိုးရသစ် မှာ NLD ဥက္ကဌ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဟာ အစိုးရ ဝန်ကြီး ဌာန ၄ ခု ရဲ့ ဝန်ကြီး အဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး၊ ပညာရေး၊ စွမ်းအင်နဲ့ လျှပ်စစ် ဝန်ကြီးဌာနတွေ နဲ့ အတူ သမ္မတရုံး ဝန်ကြီးဌာန ရဲ့ ဝန်ကြီး အဖြစ် တာဝန် ယူမယ်လို့ ရန်ကုန် ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အရ သမ္မတ ဖြစ်ခွင့် တားဆီးခံ ထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ပါတီ ဥက္ကဌ အနေနဲ့ပဲ နောက်ကွယ်က စီမံ ခန့်ခွဲ လာနိုင်တယ် ဆိုပြီး ထင်မြင် သုံးသပ် မှုတွေ ရှိနေ ချိန်မှာ အခုလို အစိုးရ ကက်ဘိနက် ထဲ ရာထူး နေရာ ရယူ မယ် ဆိုပြီး ပေါ်ထွက် လာတာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ရာထူး ရယူမယ် ဆိုရင် ကာလုံ လို့ ခေါ်တဲ့ နိုင်ငံတော် ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ အဖွဲ့ ထဲမှာပါ ဒေါ်အောင်ဆန်းစုကြည် ပါဝင် လာမှာပါလိမ့်မယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ