မန္တလေး မင်္ဂလာစျေး မီးလောင်

  • 22 မတ် 2016
Mandalay Mingalarzay ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မင်္ဂလာစျေး တစ်ခုလုံး နီးပါး မီးထဲပါ

မန္တလေးမြို့ ဆေးတက္ကသိုလ် အနီးက မင်္ဂလာ စျေးကြီးမှာ မတ်လ ၂၂ ရက် နေ့ ညနေ ၆ နာရီ နီးပါးက စပြီး မီးလောင် နေခဲ့ပါတယ်။

မန္တလေးရဲ့ ဒုတိယ အကြီးဆုံး စျေးကြီးမှာ နာရီ အတော်ကြာ မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

စျေးကြီး တခုလုံး နီးပါး ပါသွားပြီလို့ အဲဒီ နေရာကို ကိုယ်တိုင် ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မီးလောင်တဲ့ အဆင့်ကို အဆင့် ၄ သတ်မှတ်ပြီးနောက် အဆင့် ၅ အထိ မီးသတ် ဌာနက တိုးမြှင့် သတ်မှတ်လိုက်ပြီး မန္တလေးမြို့ အနီးဝန်းကျင်က မေမြို့၊ ကျောက်ဆည်၊ မြစ်သား စတဲ့ မြို့တွေက မီးသတ် ဌာနက မီးသတ်ကားတွေ လာရောက် ကူညီပြီး မီးငြှိမ်းသတ်ပေးနေတယ်လို့ သူက ပြောပါတယ်။

မင်္ဂလာစျေးကနေ ဘေးဝန်းကျင် အဆောက်အဦ တွေကို ကူးစက် လောင်ကျွမ်းတာတော့ မရှိဘူးလို့ လည်းသူက ပြောပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ လောလောဆယ် မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ