ဒေါ်စု ဘာကြောင့် ဝန်ကြီးဌာန ၄ ခု ယူဖို့ ဖြစ်လာလဲ

  • 24 မတ် 2016
U Win Htein, Daw Aung San Suu Kyi and U Win Myint ဓာတ်ပုံ မူပိုင် bbc
Image caption အမည်စာရင်းတင်ကာနီးမှ ကမ်းလှမ်းထား သူတွေက လက်မခံကြောင်း ပြောတယ်လို့ဆို

ရွေးချယ်ခံ သမ္မတ ဦးထင်ကျော်က တင်ပြထားတဲ့ အစိုးရ ဝန်ကြီးအဖွဲ့ နာမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်က မတ်လ ၂၄ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန အပါအဝင် ဝန်ကြီးဋ္ဌာန လေးခုကို တာဝန်ယူမယ် လို့ အန်အယ်လ်ဒီ ခေါင်းဆောင်တွေက ပြောပါတယ်။

မူလကပါတီဥက္ကဋ္ဌ တာဝန်သာ ဆက်ယူဖို့ ရှိခဲ့ပေမဲ့ အမည်စာရင်း ကြေညာဖို့ရက် နီးကာမှ ဝန်ကြီးအဖြစ် လျာထားသူတွေက လက်မခံကြလို့ ဒေါ်အောင်ဆန်း စုကြည်က ဝန်ကြီးဌာန လေးခုကို တာဝန်ယူဖို့ ဖြစ်သွားတာလို့ NLD ခေါင်းဆောင်တွေက ဘီဘီစီကို ပြောပါတယ်။

အနီးကပ်မှ လက်မခံသူ သုံးယောက် သို့မဟုတ် လေးယောက်လောက်ရှိပြီး နိုင်ငံခြားရေး ဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေး ဝန်ကြီး အဖြစ် လျာထားသူတို့ ပါဝင်တယ်လို့ သိရပါတယ်။

သူတို့ လက်မခံနိုင်တဲ့ အကြောင်းကတော့ ဒုတိယ ဝန်ကြီးတွေ မထားတဲ့ အတွက် တာဝန်ပိုကြီးမှာက တစ်ကြောင်း၊ အသင်း အဖွဲ့တွေကနေ ထွက်ရမယ် ဆိုတာက တစ်ကြောင်းကြောင့် ဖြစ်တယ်လို့ NLD ဘက်က ပြောတဲ့ သတင်းတွေ အရ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ