NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ ချင်းမိုင်မှာ တွေ့ဆုံနေ

nca_signing ဓာတ်ပုံ မူပိုင် epa
Image caption NCA စာချုပ် နောက်ပိုင်း တိုက်ပွဲ တွေ ဖြစ်ပေါ် ခဲ့ရတာ ဟာ တပ်နေရာ ချထားရေး နဲ့ နယ်မြေသတ်မှတ် ရေး ကိစ္စတွေ မှာ အပြီး သတ် သဘောတူ မသတ်မှတ် နိုင်သေးလို့ ဖြစ်တယ် ဆိုပြီး ဗိုလ်မှုး စိုင်းလ သုံးသပ်။

တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ ပါဝင် လက်မှတ် ရေး ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ ရဲ့ ထိပ်သီး အစည်းအဝေး ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မတ်လ ၂၄ ရက်နေ့ က စတင် ခဲ့ ပါတယ်။

အစိုးရသစ် လက်ထက် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆက်လက် ဆွေးနွေး ဖို့ နဲ့ NCA ထဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံး ပါဝင်နိုင်ရေး အပါအဝင် ရှေ့လုပ်ငန်းစဉ် တွေ ကို ဆွေးနွေးကြမှာ ဖြစ်တယ် လို့ ထိပ်သီး အစည်းအဝေးကို တက်ရောက် နေတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/SSA ရဲ့ ပြောခွင့်ရ ဗိုလ်မှုး စိုင်းလ က ဘီဘီစီ ကို ပြောပါတယ်။

NCA ထိုးထားတဲ့ RCSS/SSA နဲ့ NCA ထဲ ပါဝင်ခွင့် မရတဲ့ တအာင်းပလောင်တပ် TNLA တို့ အကြား တိုက်ပွဲ တွေ အပါအဝင် ရှမ်းပြည်နယ် ထဲ NCA စာချုပ် နောက်ပိုင်း တိုက်ပွဲ တွေ ဖြစ်ပေါ် ခဲ့ရတာ ဟာ တပ်နေရာ ချထားရေး နဲ့ နယ်မြေသတ်မှတ် ရေး ကိစ္စတွေ မှာ အပြီး သတ် သဘောတူ မသတ်မှတ် နိုင်သေးလို့ ဖြစ်တယ် ဆိုပြီး ဗိုလ်မှုး စိုင်းလ က ပြည်တွင်း ငြိမ်းချမ်းရေး လက်ရှိ အခြေအနေ ကို သုံးသပ်ပါတယ်။

NCA ထဲ လက်နက်ကိုင် တပ် အားလုံး ပါဝင် လာနိုင်ဖို့ ဟာ အစိုးရ နဲ့ တပ်မတော် ရဲ့ သဘောထား အပေါ် အများကြီး မူတည် နေတယ် လို့လည်း ဗိုလ်မှုး စိုင်းလ က ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLA ဦးဆောင် တဲ့ အစိုးရသစ် ပေါ်ပေါက် လာတဲ့ အခါ NLD ပါတီ ရည်မှန်း ထားသလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေး ကို အောင်မြင်အောင် ဆောင်ရွက် နိုင်တာ နဲ့ အမျှ ပြည်တွင်း ငြိမ်းချမ်းရေး အထမြောက် အောင်မြင်မယ် လို့ ဗိုလ်မှုး စိုင်းလ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ