ဖားကန့်ကျောက်စိမ်းလုပ်ငန်းတွေကို လွှတ်တော်သစ်က အထူးကော်မတီဖွဲ့ စစ်ဆေးသင့်

  • 25 မတ် 2016
phar_kant_jade
Image caption ဖားကန့်ဒေသမှာ သယံဇာတတွေကို စည်းမဲ့ကမ်းမဲ့ တူးဖော် နေတာကြောင့် ဒေသခံ တွေရဲ့ အသက်အိုးအိမ် လုံခြုံမှု မရှိတော့ဘူး လို့ MATA အဖွဲ့က ဆိုပါတယ်။

ဖားကန့် ဒေသက သယံဇာတ တူးဖော်မှု လုပ်ငန်းတွေကို စုံစမ်း စစ်ဆေးဖို့ လွှတ်တော်ကနေ အထူး ကော်မရှင် တစ်ရပ်ဖွဲ့ ဆောင်ရွက်သင့်တယ် လို့ စီးပွားရေး လုပ်ငန်းတွေ ပွင့်လင်း မြင်သာပြီး တာဝန်ခံမှု ရှိရေး အတွက် ဆော်ဩ လှုံဆော်နေတဲ့ MATA အဖွဲ့က တောင်းဆို လိုက်ပါတယ်။

လွှတ်တော် ကော်မရှင် ဖွဲ့ပြီး ဖားကန့် ဒေသခံ တွေနဲ့ တွေ့ဆုံ စကားပြောဆိုတာ တွေ မလုပ်မချင်း ဖားကန့်မှာ လက်ရှိ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်း ထားသင့်တယ် ဆိုပြီး MATA အဖွဲ့က တာဝန်ခံ တစ်ဦးဖြစ်တဲ့ ကိုခိုင်ကောင်းစံက ဘီဘီစီကို ပြောပါတယ်။

ဖားကန့်ဒေသမှာ သယံဇာတတွေကို စည်းမဲ့ကမ်းမဲ့ တူးဖော် နေတာကြောင့် ဒေသခံ တွေရဲ့ အသက်အိုးအိမ် လုံခြုံမှု မရှိတော့ဘူး လို့ MATA အဖွဲ့က ဆိုပါတယ်။

MATA အတိုကောက် ခေါ်တဲ့ မြန်မာနိုင်ငံ ပွင့်လင်း မြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့က စက်ယန္တရားအောက်က အသက်ငင်နေသော ဖားကန့် ဆိုတဲ့ ခေါင်းစဉ် နဲ့ သတင်းစာရှင်းလင်းပွဲ လုပ် ပြောကြား လာတာ ဖြစ်ပါတယ်။

ဖားကန့်ဒေမှာ စက်ယန္တရားကြီး တွေ အလွန်အကျွံ သုံးစွဲပြီး ကျောက်စိမ်း တူးဖော် နေတယ် ဆိုတဲ့ သတင်း တွေ နဲ့ ကျောက်စိမ်း မိုင်းတွင်း တွေရဲ့ စွန့်ပစ် မြေစာပုံ တွေ မကြာခန ပြိုကျ ပြီး လူတွေ ရာနဲ့ချီ သေဆုံး ခဲ့ရတာ တွေ ဖြစ်ပေါ် ခဲ့ပြီး နောက် နေပြည်တော် က စုံစမ်းရေး အဖွဲ့ ဖားကန့်ကို ဆင်းလာပြီး စစ်ဆေးတာမျိုး ပြီးခဲ့တဲ့ လတွေတုန်း က ပြုလုပ် ခဲ့ပါတယ်။

အဲဒီ့တုန်းက စုံစမ်းမှု တွေဟာ မထိရောက်ဘူး ဆိုပြီး ကိုခိုင်ကောင်းစံက ဝေဖန် ခဲ့သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ် ပေါ်ပေါက် လာတဲ့ အခါ သယံဇာတ တူးဖော်ခွင့် ဆိုင်ရာ ဥပဒေတွေ ကို ပြန်လည် စိစစ် တာမျိုးတွေ ပြုလုပ် သင့်တဲ့ အပြင် လုပ်ငန်း လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီ တွေကိုလည်း အထူး ကြတ်မတ် စစ်ဆေးသင့်တယ် လို့လည်း အကြံပြုပါတယ်။

ကျောက်စိမ်း မိုင်းတွင်းထွက် မြေစာတွေကို စည်းစနစ်တကျ မစွန့်ပစ်တဲ့ အတွက် မြစ်ချောင်းတွေ ရဲ့ ရေကြောင်းကို ပိတ်ဆို့ပြီး ဖားကန့်ဟာ ရေကြီးတဲ့ ဒဏ် မကြာခန ခံနေရတယ် ဆိုတဲ့ ဒေသခံတွေ ရဲ့ ပြစ်တင် ပြောဆိုမှုတွေ လည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ