မိုဘိုင်းလက်ကိုင်ဖုံးလိုင်း ကုမ္ပဏီ နောက်တစ်ခု ထပ်ပေါ်လာပြီ

_viettel_myanmar_telecom_fourth_licence
Image caption ဗီယက်တဲလ်ဟာ မြန်မာ စစ်တပ်ပိုင် ကုမ္ပဏီ အပါအဝင် ပြည်တွင်း ကုမ္ပဏီ ၁၁ ခုနဲ့ ပူးပေါင်း လုပ်ဆောင်မှာ ဖြစ်တယ် လို့ သတင်းတွေက ဆိုပါတယ်။

မြန်မာ နိုင်ငံရဲ့ တယ်လီဖုံး ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးမယ့် လေးခု မြောက် ကုမ္ပဏီ အဖြစ် ဗီယက်တဲလ် လို့ခေါ်တဲ့ ဟနွိုင်း မြို့ အခြေစိုက် ဗီယက်နမ် မိုဘိုင်း လက်ကိုင်ဖုံးလိုင်း ကုမ္ပဏီ ဦးဆောင်တဲ့ ကုမ္ပဏီတွေ အစုအဖွဲ့က လုပ်ငန်း လိုင်စင် ရရှိသွားပါတယ်။

ဗီယက်တဲလ်ဟာ မြန်မာ စစ်တပ်ပိုင် ကုမ္ပဏီ အပါအဝင် ပြည်တွင်း ကုမ္ပဏီ ၁၁ ခုနဲ့ ပူးပေါင်း လုပ်ဆောင်မှာ ဖြစ်တယ် လို့ သတင်းတွေက ဆိုပါတယ်။

စစ်တပ်က ကျောထောက် နောက်ခံပြုထားတဲ့ အစိုးရရဲ့ သက်တမ်း လက်ကျန် နောက်ဆုံး ရက်ပိုင်း အတွင်းမှာပဲ အခုလို ၁၅ နှစ်သက်တမ်း ရှိတဲ့ လုပ်ငန်းလိုင်စင် အသစ်ကို ချပေးခဲ့တာ ဖြစ်ပါတယ်။

လက်ကိုင်ဖုံးလိုင်းတွေကို ဝန်ဆောင်မှုပေးတဲ့ နိုင်ငံခြား ကုမ္ပဏီ အဖြစ် အူရီဒူးနဲ့ တယ်လီနောတို့နောက် အခုလို ဗီယက်တဲလ်ပါ ပါဝင် လာတာကြောင့် စျေးကွက် အတွင်း ယှဉ်ပြိုင်မှု တွေ တိုးမြင့်လာပြီး ပြည်တွင်း သုံးစွဲသူတွေ အတွက် ရွေးချယ်စရာ အခွင့်အလမ်းတွေ ပိုပြီး များလာတယ် လို့ သုံးသပ်မှုတွေ ရှိပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ်နဲ့ မအုပ်ချုပ်တော့တဲ့ တိုင်အောင် စစ်တပ်နဲ့ ဆက်နွယ်နေပြီး အမြတ်အစွန်း များလှတဲ့ စီးပွားရေး လုပ်ငန်းတွေ ဆက်လက် တည်ရှိနေမှာ ဖြစ်တာကြောင့် စစ်တပ် အနေနဲ့ ဩဇာအာဏာ ဆက်လက် ကြီးနေဦးမှာ ဖြစ်တယ် ဆိုပြီး ဝေဖန် ရေးသား နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ