ANP အမတ်တွေ ရခိုင် ဝန်ကြီးချုပ်သစ်ကို ကန့်ကွက်

 rakhine
Image caption ရခိုင်လွှတ်တော်မှာ NLD က ဦးညီပုကို အဆိုပြု

မြန်မာ နိုင်ငံရဲ့ သမ္မတသစ် အဖြစ် ရွေးချယ်ထားတဲ့ ဦးထင်ကျော်က အဆိုပြု ထားတဲ့ ပြည်နယ်နဲ့ တိုင်း အစိုးရ အဖွဲ့ ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် လွှတ်တော် အသီးသီးက ဒီကနေ့ မတ်လ ၂၈ ရက်က အတည်ပြု လိုက်ကြပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော် မှာ NLD ပါတီက ဦးညီပု ကိုအဆိုပြုကြောင်း အမည်စာရင်းတင်တဲ့ အချိန်မှာ ရခိုင်အမျိုးသား ပါတီက လွှတ်တော် အမတ် (၁၉) ဦး က ကန့်ကွက်တဲ့ အနေနဲ့ လွှတ်တော် ကနေ ထွက်သွားခဲ့ကြပါတယ်။

နိုင်ငံတော် သမ္မတက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဂွမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးညီပုကို အဆိုပြု တင်သွင်း တာကို ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ လွှတ်တော် အစည်းအဝေး ခန်းမက ထွက်ခွာ သွားကြတယ်လို့ သိရပါတယ်။

အခုလို ရခိုင် အမျိုးသား ပါတီက လွှတ်တော် ကိုယ်စားလှယ် တွေ ထွက်ခွာ သွားပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ခိုင်ဖြိုး ပါတီနဲ့ တပ်မတော်သား လွှတ်တော်သား ကိုယ်စားလှယ် တွေ ခန်းမထဲကျန်ရှိနေခဲ့ပြီး လွှတ်တော် ကိုတော့ ဆက်လက် ကျင်းပနိုင်ခဲ့တယ် လို့ လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောပါတယ်။

တရက်နားပြီး ရခိုင်ပြည်နယ် လွှတ်တော်ကို မတ်လ ၃ဝ ရက်နေ့ ပြန်လည် ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။

အခုလို လွှတ်တော်မှာ သမ္မတ အဆိုပြု တင်သွင်းတဲ့ ဝန်ကြီးချုပ် တဦးကို ဒေသခံ လွှတ်တော် အမတ်တွေ ကနေ ခန်းမ ကနေ ထွက်ခွာပြီး ကန့်ကွက် တာဟာ မြန်မာ့ လွှတ်တော် သမိုင်းမှာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

တွေ့ဆုံဖို့ရှိ
ဓာတ်ပုံ မူပိုင် epa
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်ပါတီတွေ့ခဲ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင် ငါးဦး နဲ့ ရခိုင် အမျိုးသား ပါတီက အမျိုးသားနဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၂၃ ဦးနဲ့ မတ်လ ၂၄ ရက်က နေပြည်တော် စည်ပင် ရိပ်သာ မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီအပတ်မှာ နှစ်ဘက် ပါတီ ကိုယ်စားလှယ် တွေ လည်း တွေ့ဆုံ ဆွေးနွေးဖို့ အစီအစဉ် လည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော် နိုင်ငံရေးက ခုလို အခြေအနေ တွေကြောင့် ရှေ့မှာ ပိုမို ရှုပ်ထွေးမှုတွေ ရှိလာနိုင်တယ် လို့ သုံးသပ် ပြောဆိုကြပါတယ် ။

တိုင်းနဲ့ ပြည်နယ် အစိုးရ အဖွဲ့တွေကို NLD ပါတီကပဲ ဦးဆောင် ဖွဲ့စည်းမယ်လို့ ပြောထားတဲ့ အတိုင်း ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ် ၁၄ ယောက် စလုံး ကို NLD ပါတီ ကိုယ်စားလှယ် တွေကိုပဲ ခန့်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ