နိုင်ငံပိုင်မီဒီယာ ဆက်လက်လိုအပ်တယ်လို့ ဝန်ကြီးဦးရဲထွဋ်ပြော

_u_ye_htut_ ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတ ရဲ့ မူဝါဒ တွေကို အပြည့်အစုံ ဖော်ပြ ပေးမယ့် မီဒီယာ ဆက်လက် လိုအပ်တယ်။

နိုင်ငံပိုင် မီဒီယာ အခန်းကဏ္ဍ ဆက်လက် ရှိနေဖို့ လိုအပ်တယ် ဆိုပြီး ပြန်ကြားရေး ဝန်ကြီး တာဝန် ကို လွှဲပြောင်း ပေးရတော့မယ့် ဦးရဲထွဋ်က ပြောပါတယ်။

အစိုးရနဲ့ ပတ်သက်တဲ့ သတင်းတွေကို ကိုယ်လိုချင်တဲ့ ပုံစံမျိုး နဲ့ ရေးသားနေတဲ့ မီဒီယာတွေ၊ အကျိုးစီးပွား အပေါ် မူတည်ပြီး လက်ဝါးကြီး အုပ်ချင်တဲ့ မီဒီယာ တွေ ရှိနေတယ် ဆိုပြီး တော့လည်း ဦးရဲထွဋ်က ဝေဖန် ခဲ့ပါတယ်။

သမ္မတ ရဲ့ မူဝါဒ တွေကို အပြည့်အစုံ ဖော်ပြ ပေးမယ့် မီဒီယာ ဆက်လက် လိုအပ်တယ် လို့ အစိုးရသစ် ဖြစ်လာမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနေနဲ့လည်း ယူဆ တဲ့ အတွက် ပြန်ကြားရေး ဝန်ကြီး ဌာနကို ဆက် ထားဖို့ ဆုံးဖြတ်ခဲ့ပုံရတယ် ဆိုပြီး တော့လည်း ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

NLD ပါတီက ပြန်ကြားရေး ဝန်ကြီးဌာန ကို မဖျက်သိမ်းပဲ ဆက်လက် ထားရှိခဲ့တဲ့ အပေါ် အစိုးရရဲ့ ထိန်းချုပ်မှု အောက် အစိုးရ အာဘော်ကို ဖော်ပြဖို့ နိုင်ငံပိုင် ရုပ်သံလိုင်းတွေ၊ သတင်းစာတွေ ဆက်လက် ရှိသင့် သလား ဆိုတာကို ဝေဖန်သုံးသပ် မှုတွေ လည်း ရှိနေပါတယ်။

မတ်လ ၃၀ ရက်နေ့ဆိုရင် ဦးထင်ကျော်ဟာ ပြည်ထောင်စု လွှတ်တော်မှာ သမ္မတ သစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မှာ ဖြစ်ပြီး NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ် ပေါ်ပေါက် လာတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ