မန္တလေး သင်္ကြန် သရုပ်ပျက်ဝတ်ရင် အရေးယူမယ်

  • 29 မတ် 2016
Image caption ကိုယ်ကျင့်တရားကို ထိခိုက်ပြီးတော့ ဟီရိဩတ္တပ္ပ တရား ကင်းမဲ့တဲ့ အပြုအမူတွေကို လုပ်မယ်ဆိုရင်လည်း အရေးယူလို့ ရ

အစိုးရသစ် လက်ထက်မှာ ကျင်းပတော့မယ့် မန္တလေး သင်္ကြန်မှာ ယဉ်ကျေးမှု နဲ့ မလျော်ညီ တဲ့ ဝတ်စား ဆင်ယင်မှုတွေကို အရေးယူမယ်လို့ ပြောပါတယ်။

မဏ္ဍပ် ၄၀ ကျော်မှာ ရဲလုံခြုံရေး ပြီးတော့ အုပ်ချုပ်ရေး အဖွဲ့တွေ နဲ့ ပူးပေါင်း ပြီး လုံခြုံရေး ဆောင်ရွက်သွားမယ်လို့ မန္တလေး ခရိုင် ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး စိန်ထွန်း က ပြောပါတယ်။

တရားမဝင် အရက် ရောင်း ဆိုင်တွေ နဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား မှုတွေ ကိုလည်း အရေးယူမယ်လို့ ဆိုပါတယ်။

ယဉ်ကျေးမှု နဲ့ မညီတဲ့ ဝတ်စားဆင်ယင် သူတွေကို မဖွယ်မရာ ကိုယ်အမူအရာ ကို ပြတဲ့ အတွက် ရဲဥပဒေ ပုဒ်မ ၃၄(၇) အရ အရေးယူလို့ ရတယ်လို့ ပြောပါတယ်။

ကိုယ်ကျင့်တရားကို ထိခိုက်ပြီးတော့ ဟီရိဩတ္တပ္ပ တရား ကင်းမဲ့တဲ့ အပြုအမူတွေကို လုပ်မယ်ဆိုရင်လည်း အရေးယူလို့ ရတယ်လို့ ပြောပါတယ်။

မူးယစ်ဆေးဝါး၊ လိင်စိတ်ကြွဆေးတွေနဲ့ ပတ်သက်ပြီး ရောင်းချတာတွေ ရှိခဲ့ရင် အရေးယူဆောင်ရွက်မယ်လို့ ပြောပါတယ်။

ဘာသာ သာသနာ ထိခိုက်အောင် လုပ်ဆောင်တဲ့ အပြုအမူတွေကိုလည်း ပုဒ်မ ၁၈၈ အရ ထောင်ဒဏ် ဒါမှမဟုတ် ဒဏ်ငွေများ ချမှတ် နိုင်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ