အပစ်မရပ် ၇ဖွဲ့ အစိုးရသစ်နဲ့ နိုင်ငံရေး ဆွေးနွေးလို

  • 29 မတ် 2016
ဓာတ်ပုံ မူပိုင် AP
Image caption အစိုးရသစ် ကို အဖွဲ့ ၇ ဖွဲ့ အနေနဲ့ အကောင်းမြင်ထားတယ်လို့ TNLA အထွေထွေ အတွင်းရေးမှူး တာဘုန်းကျော်က ဘီဘီစီကို ပြော

မတ်လ ၂၈ ရက်နေ့မှာ အပစ်ရပ်စဲရေး မယူရသေးတဲ့ အဖွဲ့ ၇ ဖွဲ့ စုပေါင်း ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

ဝ၊ ကေအိုင်အေ၊ ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်၊ မိုင်းလား၊ AA ရခိုင် စတဲ့ အပစ်ရပ်စဲ ရေး မယူ ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ ဝ နယ် ပန်ခမ်းမှာ ၂ ရက်ကြာ အစည်းအဝေး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မကြာခင်မှာ အာဏာလွှဲပြောင်း ရယူတော့မယ် အစိုးရသစ် ကို အဖွဲ့ ၇ ဖွဲ့ အနေနဲ့ အကောင်းမြင်ထားတယ်လို့ TNLA အထွေထွေ အတွင်းရေးမှူး တာဘုန်းကျော်က ဘီဘီစီကို ပြောပါတယ်။

အစိုးရသစ် နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ပိုမိုဆောင်ရွက်နိုင်ဖို့ တိုင်းရင်းသား တွေ အနေနဲ့ ပိုပြီး ညီညီညွတ်ညွတ်နဲ့ ဆက်လက် တွေ့ဆုံ ဆွေးနွေး သွားမယ်လို့ ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း တပ်မတော် RCSS/SSA နဲ့ တအာင်းပလောင် TNLA တို့ အကြား ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့ အခု အစည်းအဝေး ကနေ တောင်းဆို ခဲ့ပါတယ်။

NLD အစိုးရသစ်နဲ့ ငြိမ်းချမ်းရေး မယူရသေးတဲ့ တိုင်းရင်းသား အဖွဲ့တွေ အကြား အမြန်ဆုံး တွေ့ဆုံ ညှိနှိုင်းဖို့ တောင်းဆို သွားမှာဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ