ပြည်နယ်အစိုးရ တိုင်းရင်းသား ဦးစားပေးသင့်လို့ SNLD ပြော

  • 29 မတ် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption အခြေခံ ဥပဒေ ပြင်ဆင် ရေး နဲ့ ငြိမ်းချမ်းရေး ကို ဆက်လက် လုပ်ဆောင် သွားမယ်လို့ ဆုံးဖြတ် ထား တာကြောင့် ရာထူး ရာခံတွေကို မယူ

မတ်လ ၃၀ ရက်နေ့ ဒီကနေ့မှာ တရားဝင် ကျမ်းသစ္စာ ကျိန်ဆို တော့မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ထဲမှာ သူ့ရဲ့ အဓိက မဟာမိတ် တိုင်းရင်းသား ပါတီ တခုဖြစ်တဲ့ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဟာ ပြည်ထောင်စု အဆင့်မှာရော ပြည်နယ် အဆင့်မှာပါ ပါဝင်ခြင်း မရှိပါဘူး။

ရှမ်းပြည်နယ် လွှတ်တော်မှာ ၂၅ နေရာနိုင်ထားပြီး တနိုင်ငံလုံး မှာ အမတ် ဦးရေ ၄၀ ကျော်ရထားတဲ့ SNLD အနေနဲ့ ပြည်နယ် အတွင်း အုပ်ချုပ်ရေး လုပ်ငန်းတွေမှာ လူထုနဲ့ အချိန်မရွေး ဆက်သွယ် နိုင်ပြီး ပြည်နယ် ဝန်ကြီးချုပ် ကို SNLD ကသာ ရရှိ ခဲ့မယ် ဆိုရင် ပို အဆင်ပြေနိုင်မယ်လို့ ဦးခွန်ထွန်းဦး က ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ စုပေါင်းပြီး အခြေခံ ဥပဒေ ပြင်ဆင် ရေး နဲ့ ငြိမ်းချမ်းရေး ကို ဆက်လက် လုပ်ဆောင် သွားမယ်လို့ ဆုံးဖြတ် ထား တာကြောင့် ရာထူး ရာခံတွေကို မယူခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD နဲ့ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ကြားမှာ တူတာတွေကို ပူးတွဲဆောင်ရွက်သွားမှာ ဖြစ်ပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဖက်ဒရယ် စနစ် ကို သွားမယ်လို့ ပြောထား တာကြောင့် ကွဲလွဲစရာ မရှိဘူးလို့ ပြောပါတယ်။

ပြည်နယ်နဲ့ တိုင်း ဒေသကြီး အစိုးရ အဖွဲ့တွေ ဖွဲ့စည်းခဲ့ရာမှာ ဝန်ကြီးချုပ် တွေကို NLD ပါတီဝင်တွေကိုပဲ ခန့်အပ်ခဲ့တာကြောင့် တိုင်းရင်းသား တွေ ဘက်က ညှိနှိုင်း ဆောင်ရွက်ရာမှာ အခက်အခဲ တချို့ ရှိကောင်း ရှိနေ နိုင်တယ်လို့ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မှာ အခြား တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ NLD အနေနဲ့ ပြတ်ပြတ်သားသား နိုင်ခဲ့ပေမယ့် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ တိုင်းရင်းသား တွေ က နေရာ အများစု အနိုင် ရရှိ ခဲ့တာကြောင့် ပြည်နယ် နဲ့ တိုင်း ဒေသကြီးတွေမှာ အုပ်ချုပ် ပိုင်ခွင့်ကို ပေးသင့်တယ်လို့ပြောပါတယ်။

ပြည်နယ်နဲ့ တိုင်း ဒေသကြီး တွေမှာ ရွေးကောက်ပွဲမှာ နေရာ အများစု အနိုင် ရခဲ့တဲ့ တိုင်းရင်းသား တွေ ဦးဆောင်ပြီး အစိုးရ ဖွဲ့စည်း ခွင့် ကို ဆောင်ရွက် နိုင်ခဲ့ရင် ငြိမ်းချမ်းရေး လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေက NLD ပါတီရဲ့ စေတနာ ကို ပိုမို သိမြင် နိုင်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ