AA နဲ့ဆက်ပြီး စီရင်ချက်ချ

  • 30 မတ် 2016
rakhine
Image caption အေအေနဲ့ တိုက်ပွဲတွင်းက ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ

ရက္ခိုင် တပ်မတော်နဲ့ ဆက်စပ်သံသယနဲ့ ဖမ်းဆီးခံထားရသူ (၁၂) ဦးကို မတ်လ ၃ဝ ရက်က ကျောက်တော် မြို့နယ် တရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ်လိုက်ပါတယ်။

အေအေ က တပ်ကြပ်အဆင့် ရှိသူ ၃ ဦးကို မတရားသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၂) နဲ့ ထောင် ၅ နှစ်၊ ကျန် ၉ ဦးကိုတော့ ပုဒ်မ ၁၇ (၁) နဲ့ ထောင် သုံးနှစ်စီ ချမှတ်လိုက်တာပါ။

အဲဒီ ထောင်ချခံရသူ ၁၂ ဦးထဲမှာ ရသေ့တောင် ဘက်က လေးဦး၊ ကျောက်တော်မြို့နယ်က သုံးဦး၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းက နှစ်ဦးစီနဲ့ မြောက်ဦးမြို့နယ်က တဦး ဖြစ်ကြပါတယ်။

သူတို့ကို စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ၂၀၁၆ ဖေဖော်ဝါရီလ အတွင်းက ရဲလက်ကို လွှဲပြောင်း ပေးခဲ့ပါတယ်။

နောက်ထပ် ကျောက်တော် ရဲစခန်း အချုပ်မှာ အေအေနဲ့ ဆက်စပ်ဖမ်းဆီးခံထားရသူ ၂ဝ ကျော် အမှုရင်ဆိုင်နေရတုန်းလို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ