ဒေါ်စုစုလွင် ကော်မတီ ဥက္ကဋ္ဌ နုတ်ထွက်

htin_kyaw ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ ဦးထင်ကျော်နဲ့ ဒေါ်စုစုလွင်

သမ္မတ ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင် နုတ်ထွက်စာ ပို့ထားတဲ့ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ရာထူးနေရာ ကို ကော်မတီ အဖွဲ့ဝင် ဖြစ်တဲ့ ဦးဇော်သိန်းကို ပြည်သူ့ လွှတ်တော်က အတည်ပြု ခန့်အပ် လိုက်ပါတယ်။

ဒေါ်စုစုလွင် လပိုင်းလောက် ပဲ တာဝန် ထမ်းဆောင်ပြီး ဒီနေရာ ကနေ တရားဝင် နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်စုစုလွင် ဟာ သမ္မတ ဦးထင်ကျော်ရဲ့ ဇနီးဖြစ်နေတာမို့ ကော်မတီ ဥက္ကဋ္ဌ နေရာကနေ နုတ်ထွက်တာ ဖြစ်တယ် လို့ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ အဖွဲ့ဝင် ဦးမျိုးဇော်အောင် က ပြောပါတယ်။

ဒေါ်စုစုလွင် ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သုံးခွမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက် ခံရတာဖြစ်ပါတယ်။

ဝါးခယ်မ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သိန်း ကတော့ ကွယ်လွန်သူ သခင် သိန်းမောင်ရဲ့ သားဖြစ်ပြီး အမေရိကန်မှာ နိုင်ငံရေး သိပ္ပံနဲ့ မဟာဘွဲ့ ဆည်းပူး ခဲ့ပါတယ်။

နုတ်ထွက်ထားတဲ့ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ မှာ အရင်က အဖွဲ့ဝင် (၁၅) ဦးရှိပြီး အခု ဒေါ်စုစုလွင် နုတ်ထွက်တဲ့ အတွက် (၁၄)ဦးပဲ ရှိတော့မှာ ဖြစ်ပါတယ်။

ဒီကော်မတီဟာ လွှတ်တော် မှာ အရေးပါတဲ့ ကော်မတီထဲမှာ ပါဝင်ပြီးတော့ နိုင်ငံတကာ ဆက်ဆံရေး ကိစ္စတွေနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေ့လာပြီး ဥပဒေတွေ ရေးဆွဲတာ အကြံပေး တာတွေ ကို အဓိက လုပ်ဆောင်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ