NLD အတွင်းရေးမှူး ၅ ဦးထားပြီး ဆောင်ရွက်မယ်

  • 1 ဧပြီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption အတွင်းရေးမှူး ၅ ယောက် အဖြစ် ခန့်အပ် တာဝန် ပေးထား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ပါတီ ခေါင်းဆောင် အချို့ဟာ အစိုးရ အဖွဲ့ ထဲမှာ ပါဝင် ခဲ့တဲ့ အတွက် ပါတီ တာဝန်တွေ လုပ်ဆောင်ခွင့် မရှိတော့ပါဘူး။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ အစိုးရ ရာထူး တာဝန် ယူခဲ့မယ်ဆိုရင် ပါတီ တာဝန် များကို ဆက်လက် ထမ်းဆောင်ခွင့် မရတော့ပေမယ့် ပါတီဝင် အဖြစ် ဆက်လက် နေနိုင်တယ်လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်ထိန် က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က ပါတီကို ဦးဝင်းထိန်၊ ဦးဟန်သာမြင့်၊ ဦးဝင်းမြင့်၊ ဒေါက်တာ ဇော်မြင့်မောင်၊ ဦးဥာဏ်ဝင်း တို့ ကို အတွင်းရေးမှူး ၅ ယောက် အဖြစ် ခန့်အပ် တာဝန် ပေးထား ပြီး သူတို့က ပါတီကို ဦးဆောင် သွားမယ်လို့ ဆိုပါတယ်။

ပါတီမှာ ထဲထဲဝင်ဝင် လုပ်နိုင်တဲ့ လူ အတော်များများက လွှတ်တော်ထဲ ရောက်သွား တဲ့ အတွက် မြို့နယ် အသီးသီးမှာ အင်အား လျော့နည်း ခဲ့ပြီး အစိုးရ အဖွဲ့ တည်တည် ငြိမ်ငြိမ် ဖြစ်တဲ့ အခါမှာ လူငယ်ညီလာခံတွေ လုပ်ပြီး အင်းအား ဖြည့် တင်းမယ်လို့ ပြောပါတယ်။

NLD ပါတီ ညီလာခံ ကို ယခုနှစ် ဇွန် ဒါမှမဟုတ် ဇူလိုင် လ မှာ ကျင်းပ နိုင်ဖို့ ဆောင်ရွက် မယ်လို့လည်း ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေဟာ လွှတ်တော် ရပ်နားထားတဲ့ အချိန်မှာ ကွင်းဆင်း လေ့လာမှုတွေ လုပ်နေတာကြောင့် လူထု နဲ့ အဆက်အသွယ် အမြဲ ရရှိနေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

လောလောဆယ်မှာ ဝန်ကြီးဌာန တွေမှာ ဒုတိယ ဝန်ကြီး ခန့်အပ်ဖို့ အစီအစဉ် မရှိကြောင်း နဲ့ လိုအပ်မယ်ဆိုရင် တော့ ဒုတိယ ဝန်ကြီးတွေ ခန့်အပ်ဖို့ စဉ်းစား မယ်လို့ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ