နိုင်ကျဉ်းတွေ လွှတ်ရေး NLD ကို AAPP သွားတွေ့

Students were violently broken up at Letpadan tpadan
Image caption လက်ပံတန်းမှာ ဆန္ဒပြကျောင်းသား တွေကို ရိုက်နှက်ဖြိုခွဲပြီး ဖမ်းဆီးထားခဲ့

အစိုးရ စတင် တာဝန်ယူချိန်မှာပဲ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)က အာဏာရ NLD ပါတီ ခေါင်းဆောင်ပိုင်းနဲ့ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။

ကိုယ်တိုင် သွားရောက် ဆွေးနွေးခဲ့တဲ့ AAPP တွဲဘက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်ကတော့ နိုင်ငံရေး အကျဉ်းသားတွေကို သူတို့ရဲ့ မိသားစုတွေနဲ့ ပြည်သူတွေက အမြန်ဆုံး ပြန်လွှတ်ပေး စေဖို့ မျှော်လင့်ချက်တွေ ရှိနေတဲ့ အကြောင်းနဲ့ နောက်ဆုံး စုဆောင်းရရှိထားတဲ့ နိုင်ငံရေး အကျဉ်းသား အရေ အတွက် စာရင်းကို သွားပေးတာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် NLD အနေနဲ့ အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေးအတွက် ဘာတွေ ဘယ်လို ဆောင်ရွက်နေတယ် ဆိုတာ ပြည်သူတွေ သိအောင် ထုတ်ပြန် ပေးသင့်ကြောင်း AAPP ဘက်ကအကြံပြုခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဒီနေရာမှာ NLD အစိုးရအနေနဲ့ ပြည်ထဲရေးနဲ့ ညှိနှိုင်းလုပ်ဆောင်ရမှာတွေ ရှိပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးဟာ NLD အဖို့ ထိပ်တန်း ဦးစားပေး ဖြစ်တယ်ဆိုတာ ပြည်သူတွေ သိအောင် အသိပေးသင့်တယ်လို့ အကြံပြုခဲ့တာ ဖြစ်ကြောင်း ကိုဘိုကြည်က ပြောပါတယ်။

နောက်ဆုံးစာရင်းအရ ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၉၉ ယောက် ရှိပြီး ပြစ်ဒဏ်ချမှတ်မခံရသေးဘဲ အမှုရင်ဆိုင်နေရသူ စုစုပေါင်းက ၄၂၀ ရှိတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ