အတိုင်ပင်ခံ ဥပဒေ အထက် လွှတ်တော် အတည်ပြု

suu ဓာတ်ပုံ မူပိုင် AP
Image caption အခြေခံ ဥပဒေ တားမြစ်မှုကြောင့် ဒေါ်စု သမ္မတ ဖြစ်ခွင့်မရ

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အတိုင်ပင်ခံ ပုဂ္ဂိုလ် ခန့်နိုင်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဆိုင်ရာ ဥပဒေကြမ်း ကို အမျိုးသား လွှတ်တော်မှာ ဧပြီ ၁ ရက်နေ့က ဆွေးနွေးပြီး တခါတည်း အတည်ပြု လိုက်ပါတယ်။

ဒီဥပဒေကို တပ်မတော် အမတ်တွေ ဘက်က ကန့်ကွက်မှုတွေ ရှိ ခဲ့ပေမယ့်လည်း မဲခွဲ တော့ ထောက်ခံမဲ ၁၃၇ မဲ ကန့်ကွက်မဲ ၇ဝ နဲ့ အတည်ပြု ခဲ့တာပါ။

ဒီဥပဒေကြမ်းဟာ သမ္မတ ဦးထင်ကျော်က ပထမဆုံး အကြိမ် လွှတ်တော်ကို ပေးပို့တဲ့ ဥပဒေကြမ်း ဖြစ်ပြီး လောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးဌာန လေးခုရဲ့ ပြည်ထောင်စု ဝန်ကြီး တာဝန်ယူ ထားပါတယ် ။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဥပဒေကြမ်းအတည်ဖြစ်သွားတဲ့နောက်မှာလဲ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့တာဝန်တွေ ပါထပ်ယူ ရအုံးမှာဖြစ်ပါတယ်

ပြည်သူ့လွှတ်တော် ကို တနင်္လာနေ့မှာ တင်သွင်းဖို့ရှိပြီး အတည်ဖြစ်ခဲ့ရင် ဗုဒ္ဓဟူးနေ့မှာ သမ္မတ ဦးထင်ကျော် က လက်မှတ် ရေးထိုး အတည်ပြုနိုင်ပါတယ် ။

ဥပဒေကြမ်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ပြည်ထောင်စု လွှတ်တော် က တာဝန်ပေးရမယ် လို့ ပါရှိပါတယ် ။

ဥပဒေကြမ်း ရည်ရွယ်ချက် အခန်းမှာ ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး၊ ဈေးကွက် စီးပွားရေး စနစ်ပီပြင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေး နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေး တို့ပါရှိပါတယ် ။

ဒီဥပဒေ အတည်ဖြစ်ပြီး နောက်မှာ အစိုးရအဖွဲ့ဝင် တွေထဲမှာ အပြောင်းအလဲ အချို့ ရှိလာနိုင်တယ်လို့ သုံးသပ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ