၂၀၁၄ နဲ့၂ဝ၁၅ ခုနှစ် အတွက် အကယ်ဒမီ ပေးပွဲ

  • 3 ဧပြီ 2016
Image caption အကယ်ဒမီပေးပွဲတက် မင်းသားတချို့ကို မြင်ရပုံ

ပြီးခဲ့တဲ့ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေ အတွက် ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲကို ရန်ကုန်မြို့ Myanmar Event Park မှာ ကျင်းပခဲ့ပါတယ်။

အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာ ဆုကို ဝိုင်းက ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားနဲ့ ဆွတ်ခူး ရရှိသွားပါတယ်။

အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ၂၀၁၅ ခုနှစ်အတွက် နေတိုးက နက္ခတ် မှားတဲ့ တိုက်ပွဲ ဇာတ်ကားနဲ့ ဆွတ်ခူး ရခဲ့ပြီး ၂၀၁၄ ခုနှစ်အတွက် ပြေတီဦးက နှလုံးသားဖြင့် ပြုလုပ်သည် ဇာတ်ကားနဲ့ ဆွတ်ခူး ရသွားပါတယ်။

အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ၂၀၁၅ ခုနှစ်အတွက် ဖွေးဖွေးက ကျမက နှင်းဆီပါမောင် ဆိုတဲ့ ကားနဲ့ ဆွတ်ခူး ရခဲ့ပြီး ၂၀၁၄ ခုနှစ်အတွက် ခိုင်သင်းကြည်က ကောင်းကျိုး ကိုယ်၌ တည်စေမင်း ဇာတ်ကားနဲ့ ဆွတ်ခူး ရသွားပါတယ်။

အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ၂၀၁၅ ခုနှစ်အတွက် ဗေလုဝက ဤအရာကို အချစ်ဟု ခေါ်သလား ဇာတ်ကားနဲ့ ဆွတ်ခူးရခဲ့ပြီး ၂၀၁၄ ခုနှစ်အတွက် ဇင်ဝိုင်းက နှလုံးသားဖြင့် ပြုလုပ်သည် ဇာတ်ကားနဲ့ ဆွတ်ခူးရသွားပါတယ်။

အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ၂၀၁၅ ခုနှစ်အတွက် တက္ကသိုလ် ဂွမ်းပုံက ဤအရာကို အချစ်ဟု ခေါ်သလား ဇာတ်ကားနဲ့ ရရှိခဲ့ပြီး၂၀၁၄ခုနှစ်အတွက် ဝတ်မှုန်ရွှေရည်က နှလုံးသားဖြင့် ပြုလုပ်သည် ဇာတ်ကားနဲ့ ဆွတ်ခူး ရသွားပါတယ်။

အဲဒီပွဲမှာ ရုပ်ရှင်နယ်က ပညာရှင် တွေနဲ့ သရုပ်ဆောင်တွေ တက်ရောက်နေကြသလို အကယ်ဒမီ တက်ပွဲ ဖက်ရှင်တွေကလည်း ရင်သပ် ရှုမောဖွယ် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ