ကျိုင်းတုံမြို့နယ်ထဲ ဒေါ်လာ ၁၀သန်းနီးပါးဖိုး မူးယစ်ဆေးတွေ ဖမ်းမိ

golden_triangle ဓာတ်ပုံ မူပိုင် thai
Image caption မြန်မာ၊ ထိုင်း၊ လာအို နဲ့ တရုတ် ၄ နိုင်ငံ ပူးပေါင်း ပြီး မဲခေါင်မြစ်ကြောင်း ပူးပေါင်း ဆောင်ရွက် ရေး စီမံကိန်း တွေ အနေနဲ့ မူးယစ် ဆေးဝါး ကုန်သွယ်မှု ကို တိုက်ဖျက် ဖို့ ကြိုးစား ။

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ မြို့နယ် ထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ice လို့ ခေါ်ဝေါ် ကြတဲ့ မယ်သမ်ဖက်တမင်း မူးယစ်စိတ်ကြွ ဆေးပြားတွေ ဒေါ်လာ ၁၀ သန်းဖိုး နီးပါး ဖမ်းဆီး မိခဲ့တယ် လို့ မူးယစ် ရဲတပ်ဖွဲ့က ဘီဘီစီ ကို အတည်ပြု ပါတယ်။

မတ်လ ၃၁ ရက်ည၊ ပထမအကြိမ် ကားတစ်စင်း ပေါ်ကနေ ဖမ်းဆီး ရမိတုန်း က လူနှစ်ယောက် နဲ့ အတူ၊ ၉ မမ ပစ္စတို တစ်လက်နဲ့ ကျည်ဆံ တွေ ပါ သိမ်းဆည်း မိခဲ့တယ်လို့ လည်း ဆိုပါတယ်။

ဧပြီလ ၂ရက်၊ ဒုတိယ အကြိမ်မှာတော့ ကားပေါ် က ပြန်လည် ပစ်ခတ် တဲ့ အတွက် ရဲ နှစ်ဦး ဒဏ်ရာ ရခဲ့ပြီး ကားပေါ် ပါလာသူ ၃ ဦး တော့ ထွက်ပြေး လွတ်မြောက် သွားတယ် လို့ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ဌာနက ဌာနမှူး ရဲမှူးကြီး ရွှေညာမောင် က ဘီဘီစီ ကို ပြောပါတယ်။

အထူး ဒေသတွေ ရှိရာ မိုင်းယန်း ဘက်ကနေ အခုလို မူးယစ်ဆေးပြား တွေ ဝင်လာတာ ဖြစ်တယ် ဆိုပြီး ရဲမှူးကြီး ရွှေညာမောင် က ပြောပေမယ့် အသေးစိတ် အချက်အလက် တွေကို ဆက်လက် စုံစမ်း နေဆဲ လို့လည်း ဆိုပါတယ်။

မြန်မာ၊ ထိုင်း၊ လာအို နဲ့ တရုတ် ၄ နိုင်ငံ ပူးပေါင်း ပြီး မဲခေါင်မြစ်ကြောင်း ပူးပေါင်း ဆောင်ရွက် ရေး စီမံကိန်း တွေ အနေနဲ့ မူးယစ် ဆေးဝါး ကုန်သွယ်မှု ကို တိုက်ဖျက် ဖို့ ကြိုးစား နေတာ မှာ အခု တတိယ အကြိမ် ၃ နှစ် စီမံကိန်း ကာလ ဖြစ်တယ်လို့ ရဲမှူးကြီး ရွှေညာမောင် က ပြောပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ