မြောက်ကိုရီးယားကိုတရုတ်ပိတ်ဆို့ အရေးယူ

  • 5 ဧပြီ 2016
Image caption မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှုတွေ လုပ်ခဲ့

မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ပိတ်ဆို့အရေးယူမှုဆုံးဖြတ်ချက်နဲ့အညီ တရုတ်နိုင်ငံက လည်း ကန့်သတ်မှုတွေတိုးမြှင့်လိုက်ပါတယ်။

တရုတ်စီးပွားရေး၀န်ကြီးဌာနက မြောက် ကိုရီးယားကနေ ရွှေအပါအ၀င်တွင်းထွက်ပစ္စည်းတွေကို၀ယ်ယူခွင့်တားမြစ်လိုက်တဲ့အပြင် ဒုံးပျံ လောင်စာအဖြစ်အသုံးပြုနိုင်တဲ့ လောင်စာတွေမြောက်ကိုရီးယားကိုတင်ပို့တာကိုလည်း ပိတ်ပင် လိုက်ပါတယ်။

မြောက်ကိုရီးယားက လေးကြိမ်မြောက်နျူကလီးယားစမ်းသပ်မှုနဲ့၊ တာဝေးပစ် ဒုံးလက်နက် စမ်းသပ်မှုတွေလုပ်ခဲ့ပြီးတဲ့နောက်ကုလသမဂ္ဂကအရေးယူမှုတွေတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။