ကင်ညာဒုသမ္မတကိုတရားဆက်စွဲမလားဆုံးဖြတ်ဖို့ရှိ

  • 5 ဧပြီ 2016
ဓာတ်ပုံ မူပိုင် Christian Science Monitor
Image caption မစ္စတာရူတိုက သူ့မှာ အပြစ်မရှိကြောင်းထွက်ဆိုထား

ကင်ညာဒုတိယ သမ္မတ ဝီလျံမ် ရူတိုနဲ့၊ သတင်းထောက် Joshua Sang တို့ အပေါ် ICC နိုင်ငံတကာ ရာဇ၀တ်မှု ဆိုင်ရာခုံရုံးမှာ စွပ်စွဲထား တဲ့အမှု တွေကို ဆက်ပြီး စစ်ဆေး မှာလားဆိုတာ မကြာခင် သိလာရဖို့ ရှိပါတယ်။

၂၀၀၇ ခုနှစ်တုန်းက ရွေးကောက်ပွဲ အပြီး ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် မှုတွေ အတွင်း လူ ၁၂၀၀ သေဆုံး ရမှုတွေနဲ့ ပတ်သက်ခြင်း မရှိဘူးလို့ သူတို့ နှစ်ဦးလုံးက ငြင်းဆို ထားပါတယ်။

စွဲဆိုချက် အားလုံးအတွက် သက်သေ မပြနိုင်လို့ လွှတ်ပေး သင့်တယ်လို့ သူတို့ ရှေ့နေ တွေက ပြောပါတယ်။

ICC တရားစွဲ ရှေ့နေ ကတော့ သူတို့မှာ လုံလောက်တဲ့ အထောက်အထား တွေ ရှိနေတယ်လို့ ဆိုပါတယ်။