သမ္မတဦးဆောင်တဲ့ ဘဏ္ဍာရေးကော်မရှင် ဖွဲ့စည်း

_htin_kyaw ဓာတ်ပုံ မူပိုင် epa
Image caption သယံဇာတ ခွဲဝေ မှု ကိစ္စ မျိုးကိုလည်း ဘဏ္ဍာရေး ကော်မရှင် မှာ ဆွေးနွေး နိုင်မယ်။

သမ္မတ ဦးထင်ကျော်က ဘဏ္ဍာရေး ကော်မရှင် ကို ဧပြီ ၅ ရက် နေ့ မှာ ဖွဲ့စည်း ကြောင်း ကြေညာ လိုက် ပါတယ်။

ဒီ ကော်မရှင်ဟာ ဖွဲ့စည်း အုပ်ချုပ် ပုံ အခြေခံ ဥပဒေ အရ ရော၊ ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေ အရပါ ဖွဲ့စည်း ရတဲ့ ကော်မရှင် ဖြစ်ပြီး နိုင်ငံတော် သမ္မတ ကိုယ်တိုင် ဥက္ကဌ အဖြစ် တာဝန် ယူပါတယ်။

အဲဒီ့ ဘဏ္ဍာရေး ကော်မရှင် မှာ ဒုတိယ သမ္မတ နှစ်ဦး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် တွေ နဲ့ အတူ နေပြည်တော် ကောင်စီ ဥက္ကဌ နဲ့ ပြည်ထောင်စု အဆင့် စီမံကိန်း နဲ့ ဘဏ္ဍာရေး ဝန်ကြီး တို့လည်း ပါဝင်ပြီး စုစုပေါင်း ၂၁ ယောက် ပါဝင်တဲ့ ကော်မရှင် ဖြစ်ပါတယ်။

ဒီ ကော်မရှင်ဟာ အစိုးရဲ့ ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒ တွေ ကို ဆွေးနွေးပြီး ဘဏ္ဍာငွေ အရ/အသုံး ကို စီမံ ခန့်ခွဲ ဖို့ ဖြစ်တယ် လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဖြစ်တဲ့ အတွက် ဘဏ္ဍာရေး ကော်မရှင် ထဲ ပါဝင် နေတဲ့ ဦးဖြိုးမင်းသိန်း က ဆိုပါတယ်။

ကော်မရှင် ရဲ့ ဆုံးဖြတ်တဲ့အစိုးရ ဘတ်ဂျက် အသုံး စားရိတ် ကို ဘဏ္ဍာရေး ဝန်ကြီးက ပြည်ထောင်စု လွှတ်တော် ထံ တင်ပြ မှာ ဖြစ်သလို တိုင်းနဲ့ ပြည်နယ် ဝန်ကြီး ချုပ် တွေ အနေနဲ့လည်း သူတို့ သက်ဆိုင်ရာ ဒေသ တွေ အတွက် လိုအပ် တဲ့ အသုံးစားရိတ် တွေ ခွဲဝေပေးဖို့ ဒီ ကော်မရှင် ထဲမှာ ဆွေးနွေး နိုင်မှာ ဖြစ်တယ် လို့ လည်း ဆိုပါတယ်။

ဒါ့အပြင် သယံဇာတ ခွဲဝေ မှု ကိစ္စ မျိုးကိုလည်း ဘဏ္ဍာရေး ကော်မရှင် မှာ ဆွေးနွေး မှာ ဖြစ်လို့ တိုင်းနဲ့ ပြည်နယ် အသီးသီး မှာ ဗဟို အစိုးရဲ့ ချုပ်ကိုင် မှု လျှော့ချ နိုင်ပြီး အချိုးညီညီ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လည်း ဘဏ္ဍာရေး ကော်မရှင် မှာ ဆောင်ရွက် သွားနိုင် လိမ့်မယ် လို့ မျှော်လင့် ကြောင်းလည်း ဦးဖြိုးမင်းသိန်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ