သမ္မတ ဦးထင်ကျော်ကို သမ္မတ အိုဘားမား ဖုန်းဆက် ဂုဏ်ပြု

  • 7 ဧပြီ 2016
ဓာတ်ပုံ မူပိုင် moi
Image caption ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက် ခံရတာဟာ ဒီမိုကရေစီရေး ရှေ့ရှုတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ သမ္မတ အိုဘားမား ဖုန်းဆက် ချီးကျူး

မြန်မာနိုင်ငံမှာ သမ္မတသစ် ဦးထင်ကျော် တာဝန် စတင် ထမ်းဆောင်နေတာနဲ့ ပတ်သက်လို့ ဂုဏ်ယူ ဝမ်းမြောက်မိကြောင်း အမေရိကန် သမ္မတ အိုဘားမားက မနေ့ညက ဖုန်းဆက်ပြောခဲ့ပါတယ်။

ဦးထင်ကျော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခံရတာဟာ ဒီမိုကရေစီရေး ရှေ့ရှုတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောမှုတွေ ဖြစ်ထွန်းလာရေး၊ အားလုံးပါ၀င်တဲ့ နိုင်ငံတခု ဖြစ်လာရေးတွေမှာ မြန်မာအစိုးရနဲ့ ပြည်သူတွေကို အမေရိကန် အစိုးရအနေနဲ့ ဆက်လက် ပံ့ပိုး ကူညီသွားမယ်လို့လည်း သမ္မတ အိုဘားမားက ကတိပြု ပြောသွားပါတယ်။

ဦးထင်ကျော်ကလည်း အမေရိကန် ပြည်ထောင်စု အပါအဝင် မိတ်ဆွေနိုင်ငံတွေရဲ့ ပံ့ပိုး ကူညီမှုနဲ့ မြန်မာနိုင်ငံ အနေနဲ့ ရည်မှန်းချက်ပန်းတိုင်ကို မကြာမီ ရောက်မယ်လို့ မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံ အနေနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် တွေ့ကြုံနေရပေမယ့် အောင်မြင်စွာ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြန်လည် ပြောကြားခဲ့တယ်လို့ သိရပါတယ်။