ကာလုံ အဖွဲ့တွင်း ညှိချိန် မစောင့်တော့ပဲ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်ရေး လုပ်ဆောင်ခဲ့

myanmar_student_protest_
Image caption ပညာရေး ဥပဒေ ပြုပြင် ပြောင်းလဲရေး အတွက် ဗကသ ကျောင်းသား တွေ က ဆက်လက် လှုပ်ရှား တဲ့ အခါ NLD ဦးဆောင် တဲ့ အစိုးရ နဲ့ အကြား ထိပ်တိုက် တွေ့ လာ နိုင်သလား။

ဧပြီ လ ၈ ရက် သောကြာနေ့က နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေး တဲ့ အခါ ကာလုံ အဖွဲ့လို့ ခေါ်တဲ့ နိုင်ငံတော် ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ အတွင်း ညှိနှိုင်း ဖို့ အချိန် မစောင့် တော့ပဲ တခြားနည်း တွေ သုံးပြီး လွှတ်ပေး ခဲ့တာ ဖြစ်တယ်လို့ အစိုးရ ကို ဦးဆောင် ဖွဲ့ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က ပြောပါတယ်။

ကာလုံ မှာ ပါဝင် တဲ့ စစ်ဘက် ကိုယ်စားလှယ် တွေ နဲ့ အကြား ညှိနှိုင်း လို့ မအောင်မြင် တဲ့ အတွက် ကာလုံ ရဲ့ သဘောတူညီ ချက် ရယူ ပြီး အထွေထွေ လွတ်ငြိမ်း ချမ်းသာ ခွင့် ပေးတဲ့ နည်းလမ်း ကို အသုံးမပြု ခဲ့တာ ဖြစ် နိုင်တယ် ဆိုတဲ့ ပြောဆို ယူဆ ချက် တွေ အပေါ် NLD ပါတီ အတွင်းရေးမှုး အဖွဲ့ ခေါင်းဆောင် ဦးဝင်းထိန် က ငြင်းဆို လိုက်တာ ဖြစ်ပါတယ်။

မြန်မာ နှစ်သစ်ကူး သင်္ကြန် ကာလ ရက်ရှည် အစိုးရ ရုံးပိတ်ရက် နဲ့ တိုက်ဆိုင် နေတာ ကြောင့် ကာလုံ နဲ့ ညှိဖို့ အချိန် မယူ ခဲ့တာ ဖြစ်တယ် လို့ ဦးဝင်းထိန် က ဆိုပါတယ်။

NLD ဦးဆောင် တဲ့ အစိုးရ သစ် ပေါ်ထွန်း လာ အပြီး အခု သီတင်း တစ်ပတ် ကျော် ကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည် လည်း နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ပါဝင် နေတဲ့ ကာလုံ အဖွဲ့ အစည်းအဝေး ဆိုတာ မရှိ သေးဘူး လို့လည်း ဦးဝင်းထိန် က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူး ကို အသုံးပြုကာ လက်မှတ် ရေးထိုးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အမြန်ဆုံး လုပ်ဆောင်မယ် ဆိုတဲ့ ထုတ်ပြန်ချက် ထွက်လာ အပြီး နောက်တစ်ရက် မှာပဲ နိုင်ငံရေး အကျဉ်းသား တွေ အများပြန်လည် လွတ် မြောက် လာ ခဲ့ပါတယ်။

အဲဒီ့ လို လွတ်မြောက် လာကြသူ တွေ ထဲမှာ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက် ခဲ့ကြတဲ့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ များ အဖွဲ့ ချုပ် ရဲ့ ဗဟို လုပ်ငန်း ကော်မတီဝင် တွေ အပါအဝင် သပိတ်မှောက် ကျောင်းသား တွေ လည်း ပါဝင် ပါတယ်။

ပညာရေး ဥပဒေ ပြုပြင် ပြောင်းလဲရေး အတွက် ဗကသ ကျောင်းသား တွေ က ဆက်လက် လှုပ်ရှား တဲ့ အခါ NLD ဦးဆောင် တဲ့ အစိုးရ နဲ့ အကြား ထိပ်တိုက် တွေ့ လာ နိုင်သလား ဆိုတဲ့ အပေါ် မှာ တော့ ကျောင်းသား သပိတ် ကို ဝန်းရံ လို့ ဆိုပြီး အဖမ်းဆီး ခံခဲ့ရကာနေ ပြန်လည် လွတ် မြောက်လာတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့ အဖွဲ့အစည်း က မနီလာသိန်းက ကျောင်းသား ခေါင်းဆောင် တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် အကြား ဆွေးနွေး ညှိနှိုင်း သွား နိုင်လိမ့်မယ် လို့ ယုံကြည်တယ် ဆိုပြီး ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ