ဒီမိုကရေစီစံနဲ့ ကိုက်ညီတဲ့ ပညာရေးဥပဒေ ပေါ်ထွန်းရေး ဆက်လက်လုပ်ဆောင်မယ်

phyo_phyo_aung_ ဓာတ်ပုံ မူပိုင် EPA
Image caption ဗကသများ အဖွဲ့ချုပ် အနေနဲ့ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား ညီလာခံ ခေါ်ယူမယ်။

သာယာ၀တီ ထောင်ထဲ တစ်နှစ် ကျော် အကျဉ်းကျ ခံ ခဲ့ရင်းသား အမှု ရင်ဆိုင် ခဲ့ ကြရတဲ့ အမျိုးသား ပညာရေး သပိတ်မှောက် ကျောင်းသား တွေ ဟာ သောကြာ နေ့ က ပြန်လည် လွတ် မြောက် ခဲ့ အပြီး မှာတော့ ဒီမို ကရေစီ စံနှုန်း တွေ နဲ့ ကိုက်ညီ တဲ့ ပညာရေး စနစ် တစ်ရပ် ပေါ် ပေါက် လာဖို့ လက်ရှိ အာဏာပိုင် တွေ နဲ့ ကြား ဆက်လက် ညှိနှိုင်း သွားမယ် လို့ ပြောပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင် ပြောင်းလဲဖို့ ကျောင်းသားတွေ ဘက်က တောင်းဆို ထားချက် တွေ မရမချင်း သပိတ်လှန် လို့ မဖြစ် နိုင် ကြောင်း ကျောင်းသား သပိတ် ကို ဦးဆောင် ခဲ့တဲ့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ ဗဟို လုပ်ငန်း ကော်မတီ ရဲ့ အထွေထွေ အတွင်းရေးမှုး မဖြိုးဖြိုး အောင် က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် အဲဒီ့ အဓိပ္ပာယ် ဟာ လမ်းပေါ်ထွက် ဆန္ဒပြ တာမျိုး၊ သပိတ် စစ်ကြောင်း ခရီးရှည် ချီတက် တာ မျိုး ပြုလုပ် မယ် လို့ ဆိုလိုတာ မဟုတ်ဘူး လို့ လည်း မဖြိုးဖြိုးအောင် က ဆိုပါတယ်။

ဗကသများ အဖွဲ့ချုပ် အနေနဲ့ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား ညီလာခံ ခေါ်ယူပြီး ဗဟို အလုပ်အမှု ဆောင် ကော်မတီ တစ်ခု ရွေးကောက် တင်မြှောက် နိုင်ဖို့ အရေးတကြီး ထား ဆောင် ရွက် သွားမှာ ဖြစ်တယ် လို့လည်း မဖြိုးဖြိုး အောင် က ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသား တွေ အပါအဝင် ကျောင်းသူ ကျောင်းသား တွေ လွတ်မြောက်ရေး ကို ကြေညာ တဲ့ အတိုင်း အမြန် ဆုံး ဆောင်ရွက် ပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစု ကြည် နဲ့ အတူ သမ္မတ ဦးထင်ကျော် အစိုးရ အဖွဲ့ ကို လေးစားစွာ မှတ်တမ်း တင် တယ် ဆိုပြီး ဗကသများ အဖွဲ့ချုပ် ၊ ဗဟို လုပ်ငန်း ကော်မတီ က ကြေညာ ချက် ထုတ် ပြန် ခဲ့ပြီး၊ အကျဉ်းထောင် တွေ ထဲမှာ ဆက်လက် ရှိနေကြတဲ့ နိုင်ငံရေး အကျဉ်းသား တွေ လွတ်မြောက် ရေး ကိုလည်း ဆက်လက် လုပ်ဆောင် ပါ လို့ တိုက်တွန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ