သင်္ကြန်ကာလ ရန်ကုန် လုံခြုံရေး

_thingyan_waterfestival_burma_ ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ရန်ကုန်တိုင်း အစိုးရသစ် က စီးပွားဖြစ် လက်မှတ်ရောင်းချတဲ့ မဏ္ဍပ်တွေ ခွင့်မပြုဘူး လို့ အမိန့် ထုတ် ထား။

ရန်ကုန်တိုင်းထဲမှာ သင်္ကြန်ကာလ လုံခြုံရေး အင်အား ၈ ထောင်ကျော် အထိ ချထားမယ် လို့ ရန်ကုန် အစိုးရ အဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး က ပြောပါတယ်။

ဒါဟာ သင်္ကြန်တွင်း ရန်ဖြစ်တာ၊ မူးယစ် ရမ်းကား တာနဲ့ စိတ်ကြွ ဆေး ပြဿနာ တွေကို ကိုင်တွယ်ဖို့ ဖြစ်တယ် လို့ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆိုပါတယ်။

အဲဒီလို လုံခြုံရေး ပေး နိုင်ဖို့ ရဲတပ်ဖွဲ့ တွေ နဲ့ အတူ၊ သက်ဆိုင်ရာ မြို့နယ် ခရိုင် အုပ်ချုပ် ရေး မှုး ရုံးက လုံခြုံရေး ဝန်ထမ်းတွေ၊ မီးသတ် နဲ့ ကြက်ခြေနီ အင်အား တွေကိုပါ အသုံးပြုမယ်လို့လည်း နားလည်ရပါတယ်။

ရန်ကုန်တိုင်း အစိုးရသစ် က စီးပွားဖြစ် လက်မှတ်ရောင်းချတဲ့ မဏ္ဍပ်တွေ ခွင့်မပြုဘူး လို့ အမိန့် ထုတ် ထားသလို၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်တော်ကြီး ကန်ပတ်လမ်းတွေမှာ မဏ္ဍပ် ဆောက်လုပ်ခွင့် လုံးဝ မပေးတော့ပါဘူး။

ဒါ့ကြောင့် ရန်ကုန် တစ်မြို့လုံး မဏ္ဍပ် (၂၀၀)လောက်ပဲ ရှိ နိုင်တယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ