ကိုပါကြီးအမှု ပိတ်တဲ့အပေါ် အာရှလူ့အခွင့်အရေး ကော်မရှင် ဝေဖန်

par_gyi ဓာတ်ပုံ မူပိုင် three colours
Image caption စစ်ဘက်က ရာထူး အဆင့်ဆင့် သော ပုဂ္ဂိုလ် တွေ ဟာ အရပ်သားတွေ အပေါ် ကျူးလွန်တဲ့ အကြမ်းဖက် ရာဇဝတ် မှု တွေ အတွက် ဘယ်လို ပြစ်ဒဏ် မှ မရရှိပဲ ကင်းလွတ်ခွင့် ရှိနေဆဲ ဖြစ်တယ် လို့ AHRC က ဝေဖန်။

၂၀၁၄ ခုနှစ် တုန်းက ဖြစ်ပေါ် ခဲ့တဲ့ အလွတ် သတင်းထောက် ကိုပါကြီး အသတ် ခံရမှု နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေ ဘက်က အမှုကို ရှေ့ဆက် မသွားပဲ ပိတ်လိုက်ဖို့ ဆုံးဖြတ် ခဲ့တဲ့ အပေါ် အာရှလူ့အခွင့်အရေး ကော်မရှင် AHRC က ဝေဖန် ရှုတ်ချ လိုက်ပါတယ်။

အဲဒီလို ဆုံးဖြတ်ကြောင်း စာ ကို မွန်ပြည်နယ် ကျိုက်မရော ရဲစခန်းကနေ ကျန်ရစ်သူ ဇနီးသည် ဖြစ်သူထံကို ပြီးခဲ့တဲ့ မတ်လ ၂၁ ရက် နေ့က ပေးပို့ ခဲ့တာ ဖြစ်ပါတယ်။

ကိုပါကြီးကို စစ်တပ် ကနေ ထိန်းသိမ်း ထားစဉ် စစ်သားတွေ ရဲ့ လက်ချက် နဲ့ သေဆုံး ခဲ့ရတယ် ဆိုတဲ့ အချက်ကို အရပ်ဖက် နဲ့ စစ်ဘက် ခုံးရုံး နှစ်ခု စလုံး အပြင် မြန်မာ လူ့အခွင့်အရေး ကော်မရှင် အနေလည်း တွေ့ရှိခဲ့ရပြီး ဖြစ်တယ် လို့ AHRC ရဲ့ ထုတ်ပြန် ချက် ထဲ ရေးသားထားပါတယ်။

မြန်မာ့ နိုင်ငံရေး အခြေအနေ ဟာ ရွေးကောက်ပွဲ ရလာဒ် ကနေ တဆင့် အစိုးရ သစ် ပေါ်ပေါက် လာပြီး နိုင်ငံရေး အကျဉ်းသား တွေ ပြန်လည် လွတ်မြောက် လာတာ မျိုးလို တိုးတက်မှု တွေ ရှိနေပေမယ့်၊ တစ်ဘက်မှာလည်း စစ်ဘက်က ရာထူး အဆင့်ဆင့် သော ပုဂ္ဂိုလ် တွေ ဟာ အရပ်သားတွေ အပေါ် ကျူးလွန်တဲ့ အကြမ်းဖက် ရာဇဝတ် မှု တွေ အတွက် ဘယ်လို ပြစ်ဒဏ် မှ မရရှိပဲ ကင်းလွတ်ခွင့် ရှိနေဆဲ ဖြစ်တယ် လို့ AHRC က ဝေဖန် ထားပါတယ်။

တရားခံကို ထင်ထင်ရှားရှား သိနေပါလျက်နဲ့ လွှတ်ပေး လိုက်တာမျိုး ဖြစ်တဲ့ အတွက် တပ်မတော် အနေနဲ့ ပြန်လည် အရေးယူ ဆောင်ရွက် ပေးသင့်တယ် လို့ AHRC အဖွဲ့ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦး က ဘီဘီစီ ကို ပြောပါတယ်။

ကိုပါကြီးရဲ့ ကျန်ရစ်သူ ဇနီးသည် မသန္တာဟာ အိမ်မဲ မြို့နယ် ကနေ ရွေးကောက် တင်မြှောက် ခံထားရတဲ့ NLD ပါတီ ပြည်သူ့လွှတ်တော် အမတ် တစ်ဦး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ