မက်ဆီဒိုးနီးယား အရှုပ်တော်ပုံ ပါသူတွေကို အရေးမယူ

  • 13 ဧပြီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption တိုင်းပြည် ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ဇွန်လ ရွေးကောက်ပွဲ မတိုင်ခင် ဆုံးခန်း တိုင်စေချင်တယ်လို့ သမ္မတ ပြော

မက်ဆီဒိုးနီးယား နိုင်ငံမှာ အဂတိလိုက်စားမှု အရှုပ်တော်ပုံကြီးတခု မှာ ပါဝင် ပတ်သက်နေတဲ့ နိုင်ငံရေး သမားအားလုံးကို အရေးမယူပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးကြောင်း သမ္မတ ဂျော့ဂျ် အိုင်ဗဲန်နော့ဗ် က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အစိုးရ ပါတီနဲ့ ထောက်လှမ်းရေး အကြီးအကဲတွေက သတင်းထောက်တွေနဲ့ တရားစီရင်သူတွေ အပါအဝင် လူ၂သောင်းကျော်ရဲ့ ဖုန်းတွေကို ခိုးနားထောင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေ ပါဝင်နေတဲ့ အဲဒီအရှုပ်တော်ပုံ ပြဿနာကြောင့် နိုင်ငံတခုလုံး လုပ်ငန်းတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။

မစ္စတာ အိုင်ဗဲန်နော့ဗ်က တိုင်းပြည်အကျိုးကို ကြည့်ပြီး သူအခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်းနဲ့ ဇွန်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေ မတိုင်ခင် တိုင်းပြည်မှာ ဖြစ်နေတဲ့ ဒုက္ခဝေဒနာတွေကို ဆုံးခန်းတိုင်စေလိုကြောင်း ပြောပါတယ်။