သင်္ကြန်အထူး ထိုင်းမြန်မာ ချစ်ကြည်ရေး လက်ဝှေ့ပွဲ

Image caption သင်္ကြန်အထူး ထိုင်းမြန်မာ ချစ်ကြည်ရေး လက်ဝှေ့ပွဲကို မြန်မာတွေရော ထိုင်းတွေပါ ကြိတ်ကြိတ်တိုး အားပေးခဲ့ကြ

ထိုင်းနိုင်ငံ မဲဆောက်မြို့ ချစ်ကြည်ရေး တံတားထိပ်က မဲ့မေ စီတီမှာ ဧပြီလ ၁၃ရက်နေ့က ကျင်းပတဲ့ သင်္ကြန်အထူး ထိုင်းမြန်မာ ချစ်ကြည်ရေး လက်ဝှေ့ပွဲမှာ ထိုင်းနဲ့ မြန်မာ လက်ဝှေ့ကျော် ၁၀ တွဲ ထိုးသတ်ရာမှာ ၁ ပွဲ သရေ၊ ၅ ပွဲကို ထိုင်းက အလဲထိုး အနိုင်ရခဲ့ပြီး ၄ ပွဲမှာ မြန်မာလက်ဝှေ့သမားတွေက ထိုင်းလက်ဝှေ့သမား တွေကို အလဲထိုး အနိုင်ရခဲ့ပါတယ်။

ပွဲစဉ် ၅မှာ အလဲထိုး ခံလိုက်ရတဲ့ ထိုင်းလက်ဝှေ့ကျော် Seng Deng Yarmoe ဟာ နှစ်တိုင်း ဆိုသလို မြန်မာ လက်ဝှေ့သမားတွေကို ဒိုင်ပွဲရပ်နဲ့ အလဲထိုး အနိုင်ယူခဲ့သူ ဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံထဲက လက်ဝှေ့ပွဲမှာ မြန်မာ လက်ဝှေ့ကျော် ပဲပြားမောင်မောင်ကို ကြိုးဝိုင်းပေါ်မှာ သေအောင်ထိုး အနိုင်ယူခဲ့ပါတယ်။

အခု မနေ့က ပွဲမှာတော့ မြန်မာလက်ဝှေ့ကျော် ဖါးအံ ဆန်းကျော်က သူ့ကို အရုပ်ကြိုးပြတ် အလဲထိုး အနိုင်ယူသွားခဲ့ပါတယ်။

ဒီပွဲစဉ်တွေကို ထိုင်း အမှတ် ၅ ရုပ်မြင်သံကြား လိုင်းကနေ ကမ္ဘာ့နိုင်ငံ ၁၇၇ နိုင်ငံကို တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ပါ တယ်။