ရန်ကုန်သင်္ကြန် လုံခြုံရေး အခြေအနေ

  • 14 ဧပြီ 2016
_yangon_thingyan
Image caption သင်္ကြန် အတာကာလ ရဲ့ ဒုတိယ အကြတ် နေ့ ရောက်ရှိ လာပြီ ဖြစ်ပါတယ်။

မြန်မာ့ နှစ်ကူး သင်္ကြန် အတာကာလ ရဲ့ ဒုတိယ အကြတ် နေ့ ရောက်ရှိ လာပြီ ဖြစ်ပါတယ်။

အခုအချိန် အထိတော့ ရန်ကုန်မှာ သင်္ကြန်တွင်း ကြီးကြီးမားမား ရာဇဝတ်မှု မျိုး မရှိသေးဘူးလို့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ က ပြောပါတယ်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ အင်အား ၅၀% အထိ အလှည့်ကျ သုံးပြီး လုံခြုံရေး တာဝန် ယူနေတယ် လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဘီဘီစီ ကို ပြောပါတယ်။

မူးယစ် တာမျိုး လောက်ကိုတော့ ဖမ်းတာဆီးတာ မျိုးလို အရေးယူ ဆောင်ရွက် တဲ့ ပုံစံ အဓိကထား မလုပ်တော့ပဲ လူတွေ အနေနဲ့ ကိုယ့်အသိတရားနဲ့ကိုယ် စည်းကမ်းရှိ လာစေရေး ဆိုတဲ့ ချည်းကပ်မှု မျိုးနဲ့ အကူအညီ ပေးနေတယ် လို့ ရန်ကုန်တိုင်း ရဲမှုး ဦးပြည့်စုံက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ