ပိုပူလာမယ့် မြန်မာ့နွေ

  • 14 ဧပြီ 2016
ဓာတ်ပုံ မူပိုင် u tun lwins FB
Image caption အခု ရက်ပိုင်း အပူချိန်ပြဇယား

သင်္ကြန်ကာလအတွင်း မြန်မာ နိုင်ငံက တချို့ ဒေသတွေမှာ အပူချိန်ဟာ စံချိန်တင်လောက်အောင် မြင့်မားနေပြီး ဒီထက်ပိုပြီး ပူလာဖို့ရှိတယ်လို့ မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

ဒီလို ပုပြင်းလာနေတာဟာ အယ်လ်နီညိုလို့ ခေါ်တဲ့ ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုကြောင့် ဖြစ်ပြီး ၂၀၁၆ ဇန်နဝါရီကနေ ဂျွန်လအထိ သက်ရောက်မှုက ပိုများမယ်လို့ ဆိုပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ သစ်တောပြန်းတီးကြောင့် အပူဒဏ်ကို ပိုခံရတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီနှစ် အယ်လ်နီညိုရဲ့ နောက်ထူးခြားချက်တခုက အရှေ့တောင်အာရှ တခုလုံး အပူချိန်မြင့်နေပြီး မိုးနည်းနေကြတဲ့အတွက် ရှေ့မှာ ပို ပူလာအုံးမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း တချို့နေရာတွေမှာ မိုးသည်းထန်ပြီး ရေကြီးနိုင်သလို တချို့နေရာတွေမှာ မိုးခေါင်တာမျိုး ရှိမယ် ဒါမှ မဟုတ်လဲ တနေရာထဲမှာ တချို့ကာလ မိုးအကြီးအကျယ်ရွာပြီး တချို့ကာလ မိုးမရွာပဲ အတော်ကြာကြာရှိနေနိုင်တဲ့ လွန်ကဲတဲ့ ရာသီဥတုမျိုး ရှိမယ်လို့ ပြောပါတယ်။

အစဉ်အလာအရ စစ်ကိုင်းတိုင်း မန္တလေးတိုင်းစတဲ့ဒေသတွေမှာ အပူဒဏ်ကို ပိုခံရနိုင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ မြို့၀ကျွန်းပေါ်ဒေသတွေမှာ မိုးများရေကြီးတဲ့ ဒဏ်ကို ခံရမယ်လို့ ဆိုပါတယ်။

အယ်လ်နီညို အပြီး ဇူလိုင် သြဂုတ် စက်တင်ဘာလမှာ Neutralလို့ ခေါ်တဲ့ ရာသီဥတု အခြေအနေကို ရောက်မှာဖြစ်ပြီး စက်တင်ဘာ နောက်ဆုံးပတ်က စလို့ ၂၀၁၇ ခြောက်လပိုင်းအထိ အယ်လ်နီညာလို့ ခေါ်တဲ့ အေးမြစိုစွတ်တဲ့ ရာသီဥတု အနေအထားကိုရောက်မယ်လို့ ဦးထွန်းလွင်က ရှင်းပြခဲ့ပါတယ်။