TIME 100 အကြို လူထု စစ်တမ်းထဲ ဒေါ်အောင်ဆန်းစုကြည် တတိယနေရာ စွဲ

time_100_daw_su
Image caption အခု နှစ် မှာတော့ အမေရိကန် ဒီမိုကရက် ပါတီကို ကိုယ်စားပြုပြီး သမ္မတ လောင်းဖြစ်ဖို့ ကြိုးစား နေတဲ့ ဘာနီ ဆဲန်ဒါးစ် က နံပါတ်တစ် နေရာ ယူ ခဲ့ ပါတယ်။

အမေရိကန် အခြေစိုက် TIME မဂ္ဂဇင်းကနေ နှစ်စဉ် TIME 100 ဆိုပြီး နယ်ပယ် အသီးသီး က ဩဇာညောင်း လွှမ်းမိုး နိုင်သူ အယောက် ၁၀၀ စာရင်း ကို အယ်ဒီတာ အဖွဲ့က တရားဝင် မထုတ်ပြန်ခင် ပြုလုပ် မြဲ ဖြစ်တဲ့ စာဖတ်သူတွေ အကြိုက် ရွေးချယ် ကြတဲ့ စာရင်း ထဲ ဒေါ်အောင်ဆန်းစုကြည် က နံပါတ် ၃ နေရာ ချိတ် ပါတယ်။

၂၀၁၁ တုန်းကတော့ လူအများရဲ့ ရွေးချယ် မှု မှာ ဒေါ်အောင်ဆန်းစုကြည် က နံပါတ်တစ် နေရာ ရခဲ့ ပေမယ့် အခု နှစ် မှာတော့ အမေရိကန် ဒီမိုကရက် ပါတီကို ကိုယ်စားပြုပြီး သမ္မတ လောင်းဖြစ်ဖို့ ကြိုးစား နေတဲ့ ဘာနီ ဆဲန်ဒါးစ် က နံပါတ်တစ် နေရာ ယူ ခဲ့ ပါတယ်။

နယ်ပယ် အသီးသီး က သူတွေ ကို အများ က စိတ်ကြိုက် ရွေးကြတဲ့ ပွဲ ဖြစ်လို့ ခေတ်ရေစီး အလိုက် သန်ရာ သန်ရာ မဲ ပေး ကြတာ ကနေ အခုလို နံပါတ် ၃ နေရာ ရ နိုင်အောင် သန်း နဲ့ချီ တဲ့ လူတွေ ဆီက မဲ ရခဲ့တာ ဖြစ်တယ်လို့ မဲပေးဖို့ ဆော်ဩ ခဲ့သူ လည်း ဖြစ်တဲ့ ဂျပန် နိုင်ငံ အခြေစိုက် ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံသူ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

အခုလို အများက မဲ ပေး ရွေးတဲ့ စာရင်း မှာ မစ္စတာ ဆဲန်ဒါးစ် ရဲ့ နောက် ဒီနှစ် အတွက် ဒုတိယ နေရာ မှာ ရှိနေတာ ကတော့ တောင်ကိုရီးယား က ခေတ်ပေါ် ဂီတဝိုင်း ကေပေါ့ပ် အဖွဲ့ တစ်ခု ဖြစ်တဲ့ Big Bang ပဲ ဖြစ်ပါတယ်။

TIME 100 စာရင်း ကတော့ မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ရဲ့ သီးသန့် ရွေးချယ်မှု ဖြစ်ပြီး၊ ဘယ်သူတွေ ပါဝင် သင့် သလဲ ဆိုတာ ကို ယခင် အယောက် ၁၀၀ စာရင်းဝင် တွေ နဲ့ နိုင်ငံတကာက တိုင်းမဂ္ဂဇင်း ကလောင်ရှင် တွေက အကြံ ပြုကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ